Chapter-58 ကျွန်မနဲ့ရွမ်းကျောင်အပေါ်မှာ လောင်းကြေးထပ်လိုက်ပါ

2.1K 336 8
                                    

Clickဖို့လည်းမမေ့ကြပါနဲ့ , pdfလည်းလာဝယ်ကြပါ(⁠◕⁠ᴗ⁠◕⁠✿⁠)

Title - ကျွန်မနဲ့ရွမ်းကျောင်အပေါ်မှာ လောင်းကြေးထပ်လိုက်ပါ

နှင်းချပ်ငယ်လေးများသည် သိမ်မွေ့စွာကျဆင်းနေကြပြီး ယွမ်ချိုးချိုးနှင့် ချင်းရူရီ၏အကြားတွင် တဖွဲဖွဲကျဆင်းနေ၏။

သူမ၏နားရွက်များသည် သဘာဝမကျစွာ အနည်းငယ်ပူလောင်နေသည်ကို ခံစားမိသော်လည်း ယွမ်ချိုးချိုး လှမ်းထိရန် လက်ကိုမမြှောက်လိုက်။ သူမသည် ဘွားဘွားရူရီ၏ရှေ့တွင် အနည်းငယ်ယိုင်နဲ့နေပြီသောခါးနှင့် မတ်မတ်ရပ်လို့နေ၏။ သူမ၏မျက်လုံးတို့သည် မည်သည့်တွန့်ဆုတ်မှုမရှိ။

ခက်ခဲကာ မှောင်မိုက်နေသည့် လမ်းကိုလျှောက်ခဲ့ရပြီးဖြစ်သော နတ်ဆိုးတစ်ပိုင်း သားရဲတစ်ပိုင်း၏ရှေ့တွင် သူမ,ပြောလိုက်၏ "ကျွန်မ သူ့ကိုလက်လျှော့မှာ မဟုတ်ဘူး"

ချင်းရူရီ၏မျက်လုံးတို့သည် မသိမသာ အံ့ဩတုန်လှုပ်သွားကြ၏။ သူမသည် အမျိုးသမီးအိုကြီးတစ်ဦးအဖြစ် အသွင်ပြောင်းလဲထားလျှင်တောင် ထိုခပ်ဖျော့ဖျော့ အညိုရောင်မျက်လုံးတို့သည် ကြည်လင်ကာ လှပနေဆဲပါပင်။

စာနာမှုရှိသည့် ဘွားဘွားရူရီသည် လက်ညှိုးလေးနှင့်လက်မလေးကို အသုံးပြုရုံနှင့်ပင် သတ်ပစ်လိုက်၍ရသည့် သူမရှေ့က အားနည်းလှသောလူသားအား ကြည့်လိုက်၏။ သူမ၏ပါးပြင်များထက်ကအပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူမ၏မျက်လုံးတို့သည် လေးပင်လာ၏ "ချိုးချိုး ၊ မင်း ရွမ်းကျောင်ကို လက်မလျှော့ဘူးဆိုရင် ဖြစ်လာမယ့်အကျိုးဆက်တွေကို သိရဲ့လား?"

ချင်းရူရီ၏ အသံသည် အေးစက်လာ၏ "မင်း ဘွားဘွားနဲ့ ရန်သူလုပ်တော့မလို့လား?"

ရူရီ၏စကားလုံးများကို ကြားသောအခါ ယွမ်ချိုးချိုးသည် ပြုံးလိုက်၏ "ဘွားဘွား ကျွန်မကို နာကျင်အောင်လုပ်မှာ မဟုတ်ပါဘူး"

ချင်းရူရီသည် သူမအား နာကျင်အောင်လုပ်မည်မဟုတ်ပေ။ သူမတွင် ဘွားဘွားရူရီအား ပြန်တိုက်ခိုက်ရန် ဆွဲဆောင်နိုင်မည့် သေချာမှုအချို့ပင် ရှိနေဆဲဖြစ်သည်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now