Chapter-43 မိုင်ထောင်ပေါင်းများစွာအဝေးမှအနီရောင်တောင်ပံသိမ်းငှက်

2.7K 472 16
                                    

Clickဖို့ မမေ့ကြပါနဲ့ရှင့်❤️

Title - မိုင်ထောင်ပေါင်းများစွာအဝေးမှ အနီရောင်တောင်ပံသိမ်းငှက်

ရှောင်ဒိုဒိုသည် အမြင်အာရုံအားနည်းသော်ငြား မှားယွင်း၍မမြင်ပါပေ။ ဆန့်ထွက်နေသည့် ကျောက်နံရံအောက်တွင် သားရဲနှစ်ကောင်ပုန်းခိုနေသည်မှာ အမှန်ပင်ဖြစ်သည်။ 

သတိထားနေသောအကြည့်ဖြင့် သိမ်းငှက်သားရဲအထီးတစ်ကောင်သည် ကောင်းမွန်သည့် တိရစ္ဆာန်အရေခွံကိုဝတ်ဆင်ထားပြီး ဖောင်းကားနေသည့် တိရစ္ဆာန်အရေခွံအိတ်တစ်လုံးကို သယ်ဆောင်ထားသည်။

ထို့ပြင် ဒဏ်ရာအပြင်းအထန်ရထားပုံပေါ်သည့် သားရဲအသွင်ဖြင့် ထောင့်နားတွင်အနားယူနေသည့် ခြသေ့်အထီးတစ်ကောင်လည်း ရှိလေသည်။

အကွာအဝေးကြောင့် ရှောင်ဒိုဒို သူတို့၏ခွန်အားကို မပြောနိုင်ပေ။

ယဉ်ကျေးသမှုဖြင့် ရှောင်ယွမ်သည် အမိုးအကာအောက်သို့တန်းသွားချင်နေသည့် သူ၏ညီအား ဆွဲထားလိုက်ပြီး အဝေးမှလှမ်းမေးလိုက်သည် "ဝူး~ (ကျွန်တော်တို့ မိုးခိုဖို့ ဒီကျောက်နံရံအောက်ကို ဝင်လာလို့ရမလား?)"  

သိမ်းငှက်သည် အေးစက်စက်နှာမှုတ်လိုက်ပြီး သူ၏လက်မောင်းကိုကိုင်ထားကာ အင်းအဲတောင်မလုပ်လေပေ။

ပြင်းထန်လှသည့်ထိခိုက်မှုကြောင့် လုစစ်ရန်သည် နှစ်မီတာသာရှည်လျားသည့် ခြသေ့်အသွင်သို့ ပြောင်းထားရလေသည်။ သူ၏လည်ဆံမွှေးများသည်လည်း မိုးရေဖြင့် စိုးရွှဲနေဆဲပင်။ သူသည်လည်း စိတ်အခြေအနေဆိုး‌ဝါးနေလေသောကြောင့် ရှောင်ယွမ်၏ပြဿနာကို အရေးမလုပ်ပေ။ (၂မီတာပဲရှိတော့တယ်တဲ့🤣)

အနည်းငယ်ရှက်စရာကောင်းသော်ငြား အခြေအနေအားစဉ်းစားကြည့်ပြီးနောက် ညီအစ်ကိုနှစ်ယောက်သည် ကျောက်နံရံအောက်တွင် ပုန်းခိုလိုက်ကြသည်။

သို့သော်ငြား လူတိုင်းအတွက်စဉ်းစားကာ ရှောင်ဒိုဒိုနှင့်ရှောင်ယွမ်တို့သည် လူသားအသွင်သို့ပြောင်းလဲလိုက်ကြပြီး လူတိုင်း၏အမြင်မှ သူတို့ကိုယ်ကိုကာရန် စိုရွှဲစုတ်ပြဲနေသည့် တိရစ္ဆာန်အရေခွံကို ဝတ်ဆင်လိုက်ကြသည်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now