Chapter-3 သားမွေးမင်္ဂလာဝတ်စုံဝတ်ထားသောသတို့သမီးနှင့်ဝံပုလွေလေး

5.1K 694 52
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်❤️

Title - သားမွေးမင်္ဂလာဝတ်စုံဝတ်ထားသောသတို့သမီးနှင့်ဝံပုလွေလေး

ယွမ်ချိုးချိုး သူမလက်ဖျားထိပ်မှရေကို သောက်လိုက်သည်။ ခဏအကြာတွင် ကွဲမတတ်နာကျင်နေသော သူမခေါင်းမှာ အနည်းငယ်သက်သာသွားလေသည်။

သူမ ကြမ်းတမ်းနေသည့် ဂူနံရံအား အမှီပြုကာ ကျောက်သားအိပ်ယာအစွန်သို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်ပြီး တခဏလောက် လှဲလျောင်းနေလိုက်သည်။

သို့သော် သူမအတွက် တက်စရာနောက်ထပ် တောင်တစ်လုံးရှိနေသေးသည့်အချိန်မျိုးတွင် သူမ အကြာကြီး လှဲနေ၍မရပေ။

သူမမှာ ပစ္စည်းထုပ်ပိုးချိန် တစ်နာရီသာ ရှိသည်။ သူမစွမ်းရည်အား အတည်ပြုပြီးချိန်တွင် သူမသည် အချိန်တော်တော်များများအား ကုန်ဆုံးစေပြီးဖြစ်သည်။ ယခု သူမပင်ပန်းနေလျှင်တောင် အနားယူရန် မဖြစ်နိုင်သေးပေ။

သူမဂူထဲတွင် ပစ္စည်းများကို ဂရုတစိုက် ရှင်းလင်းလိုက်သည်။ ထို့နောက် သူမသည် ယခုသူမကဲ့သို့ပင် ဆင်းရဲသည်ကို စိတ်မကောင်းစွာ တွေ့လိုက်ရလေသည်။

ဂူထဲတွင် ပစ္စည်းအနည်းငယ်သာရှိသည်။

သူမအား နွေးထွေးစေနိုင်မည့် တိရစ္ဆာန်အရေခွံမှာ အနည်းငယ်သာရှိသည်။ ကျောက်သားအိပ်ယာပေါ်တွင် စောင်အဖြစ်ထားထားသည့် တိရစ္ဆာန်အရေခွံမှလွဲ၍ ချုပ်ရိုးမညီမညာနှင့် ကျောပိုးအိတ်ကဲ့သို့ တိရစ္ဆာန်အရေခွံနှစ်ခုသာ ရှိသည်။

ဤအရေခွံသုံးခုအပြင် အရိုးအပ်တစ်ခုနှင့် အမည်မသိအရိုးများစွာရှိသည်။

ဆံပင်ရှည်နှင့်တူသည့် ရှည်လျားသည့်အပ်ချည်များ ၊ အေးခဲနေသည့် ခြောက်သွေ့နေသောအပိုင်းအစတစ်ခု ၊ တစ်နပ်စာသာရှိသည့် အသားခြောက် ၊ သန့်ရှင်းနေသည့် သစ်သားပန်းကန်တစ်လုံးနှင့် tuber powder ပေါင်တစ်ဝက်လည်းရှိသည်။

ထိုဟာများအပြင် နေ့စဉ်သုံးပစ္စည်းများဖြစ်သည့် သွားတိုက်တံများနှင့် ဘီးများအား တွေ့ရသော်လည်း တူတစ်စုံကိုတော့မူ ယွမ်ချိုးချိုး ရှာမတွေ့ချေ။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now