Chapter-13 ရှင်ကောင်းကောင်းလုပ်ဆောင်သရွေ့တဖြည်းဖြည်းတော့.....

4.1K 562 8
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်

Title - ရှင်ကောင်းကောင်းလုပ်ဆောင်သရွေ့တဖြည်းဖြည်းတော့......

အကယ်၍ မစ္စတာဝံပုလွေဆိုးကြီးသာ ပါးစပ်ကိုတင်းတင်းကျပ်ကျပ် စေ့ပိတ်ထားပြီး သောက်ချင်စိတ်မရှိပါက သူ၏မေးစေ့မှဆွဲဖွင့်ရန် ယွမ်ချိုးချိုး အစက စီစဉ်ထားသည်။

သို့သော် သူမ အံ့ဩသွားရသည်။ ဤတစ်ကြိမ်၌ မစ္စတာဝံပုလွေနတ်ဆိုးသည် အလွန်ကို ပူးပေါင်းဆောင်ရွက်နေလေသည်။

သူ၏ခန္ဓာကိုယ်မှာ အကန့်အသတ်သို့ရောက်ရှိနေပြီး အလွန်ကိုဆာလောင်နေသောကြောင့် ဖြစ်လောက်မည်။ သူလိုလိုလားလား စားသောက်နေစဉ်တွင်ပင် သေးငယ်သော သစ်သားပန်းကန်လုံးထဲရှိ မဲညစ်ညစ်အပြားလေးများမှာ မကြာခင်မှာပင် ကုန်သွားတော့သည်။

သေးငယ်သောသစ်သားဇွန်းနှင့် သူ၏သွားတို့ ညင်သာစွာ ထိခတ်သွားသောအသံမှာ ဂူတစ်လျှောက်ပဲ့ထပ်တင်နေပြီး တဖြည်းဖြည်းချင်း နွေးထွေးမှုတို့ လွှမ်းခြုံလာသည်။

ယွမ်ချိုးချိုးသည် မစ္စတာဝံပုလွေဆိုးကြီး စားနေသည်ကို စောင့်ကြည့်နေပြီး သူ၏ဖျော့တော့နေသည် ပါးပြင်အတွင်းတွင် သွေးအနည်းငယ်ကိုမြင်သောအခါ သူမနှလုံးသားထဲတွင် အနည်းငယ်ထူးထူးဆန်းဆန်း ခံစားလိုက်ရသည်။ (ဘာမှမဟုတ်ဘူး ပါးပြင်သွေးရောင် နည်းနည်း ပြန်လွှမ်းလာတာကို မူရင်း translatorက ပါးပြင်ထဲသွေးနည်းနည်းတွေ့တယ် လို့ရေးထားတာ အိုင်လည်းသူရေးသလို လိုက်ရေးလိုက်တာပါ🤣)

သူယခုလေးတင်အသုံးပြုသွားသော သစ်သားဇွန်းမှာ သူမဟာဖြစ်သည်ကို ပြန်သတိရသွားသည်.....

သူမ၏မျက်လုံးများက မစ္စတာဝံပုလွေဆိုးကြီး၏ ဖျော့တော့နေသော မျက်နှာပေါ်သို့ အမှတ်တမဲ့ ရောက်ရှိသွားသည်။ မှိန်ပျပျအလင်းရောင်အောက်တွင် သူသည် ခပ်ဖျော့ဖျော့ နှုတ်ခမ်းတစ်စုံနှင့်အတူ နွေးထွေးမှုစက်ဝန်းတစ်ခု ရှိနေသလိုပင်။

ယွမ်ချိုးချိုးသည် အရင်က သူ့နှုတ်ခမ်းများနှင့်ထိမိဖူးသော သူမ၏ လက်ချောင်းထိပ်လေးများမှာ အနည်းငယ်ပူလောင်လာသည်ကို ခံစားလိုက်ရသည်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now