Chapter-54 ဝိညာဉ်ကျောက်တုံးရှိနေသည့်ခိုဖက်တီးတစ်ကောင်

2.2K 365 33
                                    

Clickဖို့မနေ့ကြပါနဲ့ရှင့်❣️

Title - ဝိညာဉ်ကျောက်တုံးရှိနေသည့် ခိုဖက်တီးတစ်ကောင်

ရှုံးရှောင်ဟွား၏နာမည်ကြောင့် ထန်းရှို့အလွန်အံ့ဩသွားရသော်လည်း သူသည် ထိုကဲ့သို့သာစဉ်းစားတတ်သည့် သဲမျိုးနွယ်စုက ခပ်တုံးတုံး(naive)သိမ်းငှက်တစ်ကောင်ပင်--

ရှောင်ဟွားဟုခေါ်သော ဝက်ဝံသည် အမျိုးသားတစ်ယောက်ဖြစ်နေလျှင်တောင် (နာမည်နှင့်လိုက်အောင်) အတော်လေး ရည်မွန်သည့် သားရဲတစ်ကောင်တော့ ဖြစ်သင့်သည်မလား?

သို့သော်လည်း ရှောင်ကွမ်းကွမ်း သူ၏အင်္ကျီလက်ကိုဆွဲကာ ဆောင်းဝက်ဝံမျိုးနွယ်စု၏ နယ်မြေစည်းအနီးက ဂူတစ်ဂူအနီးသို့ ဆွဲခေါ်သွားသည့်အချိန်တွင်မူ ထန်းရှို့မှာ သူ၏အတွေးတိမ်မှုကို သဘောပေါက်သွားရတော့၏။

အဘယ်ကြောင့်ဆိုသော် ရှုံးရှောင်ဟွားသည် နတ်ဆိုးအထီးတစ်ကောင် ဖြစ်ရုံသာမက အရပ်ရှည် ထွားကြိုင်း သန်မာကာ ကြမ်းကြမ်းတမ်းတမ်း အသွင်အပြင်နှင့် အကောင်ကြီးကြီး အနက်ရောင်ဝက်ဝံကြီး ဖြစ်သောကြောင့်ပင်။

သိမ်းငှက်ကြီး : "............"

သူ၏နာမည်ထဲတွင် "ရှို့"ဟူသော နာမည်တစ်လုံးပါပြီး သားရဲအထီးတစ်ကောင်အတွက် ယောက်ျားမဆန်ဟု သူ အစကတွေးခဲ့သည်။ သို့သော် သူ သူ၏ရှေ့ရှိ အပြင်းအထန်ဒဏ်ရာရထားသည့် အသားအရေနက်မှောင်သောသူအား မြင်လိုက်ရသည့်အချိန်တွင် ထန်းရှို့ ရုတ်တရတ် အနည်းငယ်ဆီလျော်မှုရှိသွားသလို ခံစားလိုက်ရ၏။

(OTN - သိမ်းငှက်ကြီးရဲ့နာမည်က ထန်းရှို့လေ။ "ရှို့"ရဲ့ အဓိပ္ပါယ်က လှပခြင်း ၊ ကျက်သရေရှိခြင်း ၊ ထူးချွန်ခြင်းတို့ကို ဆိုလိုတာ။ အဲ ဝက်ဝံရဲ့နာမည် "ရှောင်ဟွား"ကတော့ ပန်းပွင့်ကလေးပါတဲ့🤣)

"ဝူးးးးးး ရှောင်ဟွား" သ်ိသာထင်ရှားစွာပင် ရှောင်ကွမ်းကွမ်းသည် သူ၏ရှေ့က အနက်ရောင်ဝက်ဝံကြီးနှင့် အတော်လေးခင်မင်ရင်းနှီးသည့်ပုံပင်။ ရှုံးရှောင်ဟွား၏ဒဏ်ရာများ ကောင်းမလာသေးသည်ကို သူမြင်သောအခါ မျက်ရည်များသည် ထပ်မံကျဆင်းလာကြပြန်သည်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now