Chapter-22

3.1K 488 9
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်

Title - မစ္စတာဝံပုလွေဆိုးကြီး အဖျားရှိနေသည်

မစ္စတာဝံပုလွေဆိုးကြီး အခြေအနေမကောင်းသည်ကို သူမ,တွေ့သွားသောအချိန်တွင် ယွမ်ချိုးချိုးသည် လှံစွပ်သဏ္ဌာန် မကောင်းဆိုးဝါးခြေသည်းများကဲ့သို့ အချွန်တစ်ခုထည့်သွင်းရန်အတွက် သစ်သားချောင်းပေါ်တွင် အရိုးဓားဖြင့် အမြောင်းတစ်ခုထွင်းနေတာဖြစ်သည်။
(သစ်သားထဲကို အချွန်တစ်ခုစိုက်ဖို့ အဲ့သစ်သားမှာနေရာထွင်းနေတာ နားလည်ကြလားမသိဘူး ಠ︵ಠ)

သူမ,မတ်တတ်ရပ်ပြီး ကျောက်စားပွဲပေါ်ရှိ တောင့်တင်းသော သားရေကိုယူကာ လက်နက်ကိုချည်ရန်အတွက် ကြိုးတစ်ချောင်း ပြုလုပ်ချင်ခဲ့သည်။ သို့သော်လည်း သူမ မှိန်တိန်တိန် အလင်းရောက်နောက်မှ လိုက်,လိုက်သောအခါဝယ် အလင်းရောင်သည် မစ္စတာဝံပုလွေ၏ ချောမောသောမျက်နှာထက်တွင် ထူးထူးဆန်းဆန်းနီနေသည်ကို တွေ့လိုက်ရ၏။

ယွမ်ချိုးချိုး သူမ၏လက်ထဲမှ လက်နက်အား အလျင်စလိုချလိုက်ပြီး ကုတင်နားသို့သွားကာ သူ၏နဖူးအား စစ်ဆေးရန် သူမ၏လက်ကို ဆန့်ထုတ်လိုက်လေသည်–

နဖူးသည်ပူနေသည်။ သူ့တွင်အဖျားရှိနေပါ၏။

ယွမ်ချိုးချိုး စိုးရိမ်နေသောအရာမှာ ဆက်လက်ဖြစ်ပေါ်နေဆဲပင်။ မစ္စတာဝံပုလွေနတ်ဆိုးသည် နီရဲရောင်ယမ်းခြင်းနှင့် ဖျားနာခြင်းကိုဖြစ်ပေါ်စေနိုင်သည့် ဤကဲ့သို့ဆိုးဝါးလှသည့်ဒဏ်ရာမျိုးကို ခံစားနေရလသည်ဟု သူမ,တွေးခဲ့သည်။ သို့ဖြစ်သောကြောင့် သူမ ရေထဲတွင် ကုသနိုင်စွမ်းရေအနည်းငယ်ကိုပါထည့်ပြီး သူ့အားတိုက်ခဲ့ခြင်းဖြစ်သည်။

သို့သော်ငြား သူ့တွင် အဖျားရှိနေဆဲပင်ဖြစ်၏။ 

ယွမ်ချိုးချိုး တိရစ္ဆာန်အရေခွံပုဝါကို ‌စိုစွတ်စေလိုက်ပြီး မစ္စတာဝံပုလွေဆိုးကြီး၏ နဖူးပေါ်သို့ တင်လိုက်သည်။ သူမ ကုတင်ပေါ်တွင်ထိုင်ကာ သူ၏ဖျော့တော့နေသောပါးပြင်များကို စိုးရိမ်စွာကြည့်နေမိပါ၏။

မကောင်းဆိုးဝါး၏ ရုတ်တရတ်တိုက်ခိုက်မှုကြောင့် မစ္စတာဝံပုလွေဆိုးကြီးသည် ထိခိုက်ဒဏ်ရာရခဲ့ပြီး အိမ်ရှိဆေးပင်များမှာ အလျင်အမြန် ကုန်ဆုံးသွားကြတော့၏။ ယွမ်ချိုးချိုး အလဟဿဖြစ်မှုကို ရှောင်ရှားရန် အကောင်းဆုံးကြိုးစားပါသော်လည်း ဆေးပင်ရှစ်ပင်သာရှိရာမှ ယခုမူ သုံးပင်သာ ကျန်ရှိတော့သည်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now