Chapter-87 ပထမဆုံးအနမ်း

1K 122 3
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

Title - ပထမဆုံးအနမ်း

မစ္စတာဝံပုလွေဆိုးကြီး၏ အရိုင်းဓလေ့ရေချိုးခြင်းသည် သူမတို့ မှတ်ဉာဏ်ကမ္ဘာတွင် ရှိနေသည့်အချိန်တုန်းက ကဲ့သို့ပင်လားဆိုသည်ကို သူမ,မသိပါချေ။ သူ(မှတ်ဉာဏ်ကမ္ဘာကမစ္စတာဝံပုလွေအသေးလေး)သည် အပြင်ဘက်ရှိရေအေးများကို ဒီအတိုင်း အသုံးပြုခဲ့ခြင်းဖြစ်သည်။ 

ယခုအချိန်သည် ဆောင်းရာသီဖြစ်သောကြောင့် အပြင်ဘက်တွင်ရေချိုး‌ရသည်မှာ သေချာပေါက်ကို အေးစက်နေလောက်မည်။

ထို့ပြင် သူသည် ဒဏ်ရာရလာခဲ့၏။

ယွမ်ချိုးချိုး မစ္စတာဝံပုလွေဆိုးကြီး၏ ပတ်တီးစည်းကူပေးလိုက်ပြီး သူမ၏နှလုံးသားမှာ အနည်းငယ်လှုပ်ရှားသွား၏။ သူ၏ဆံပင်အရှည်ကြီးအား ခြောက်သွားအောင်ကူညီပေးရန် သူမ၏လက်ချောင်းထိပ်များသည် ရေစွမ်းအင်တန်းတစ်ခုကို ဆံပင်အနှံ့ရောက်စေလိုက်၏။

သူ၏လည်ပင်းအနောက်တွင် နွေးထွေးသည့်ထိတွေ့မှုတစ်ခု ရှ်ိနေပုံရပြီး လက်ချောင်းထိပ်နွေးနွေးလေးများသည် သူ၏ဆံပင်တို့အား ဖြတ်သန်းသွားလေရာ ဝံပုလွေမှာ မထိန်းနိုင်စွာ တုန်ရီမိသွား၏, အထူးသဖြင့် သူသည်မှာ ဤလူသားလေးသဘောကျသည့် မီးခိုးဖျော့ရောင်ဝံပုလွေSlowpokeဖြစ်သည်ကို အမှတ်ရသွားသည့်အချိန်တွင်ပင်။ သူ ထိုအကြောင်းအား စဉ်းစားမိသည့်အချိန်တွင် သူသည် အံ့ဩထိတ်လန့်ရင်းပင် သူ၏မျက်နှာမှာ နီဆွေးရ၏။

ယွမ်ချိုးချိုးသည် သူမယခုလေးတင် မေးလိုက်သည့်မေးခွန်းအား ဝံပုလွေဖြေလာမည်ကို စောင့်နေဆဲဖြစ်သည်။ သူမ မျက်လုံးတို့ကို ပင့်ကြည့်လိုက်သည့်အချိန်တွင် သူ၏ထောင်နေသည့် အမွေးပွပွနားရွက်တစ်စုံသည် ဒဏ်ရာများမှနာကျင်မှု လျော့ပါးသွားသကဲ့သို့ ထိပ်ဖျားရှိ သားမွေးလေးများ တုန်ရီနေသည်ကို သူမ,မြင်ရလေ၏။

သူမ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားပြီး မထိန်းနိုင်စွာပင် အမြဲတမ်းထိချင်နေခဲ့သည့် ဝံပုလွေ၏နားရွက်များပေါ်တွင် လက်တို့ကိုတင်ပစ်လိုက်၏။ ထို့နောက် တီးတိုးဆိုလိုက်သည် "မစ္စတာဝံပုလွေSlowpoke ၊ ကျွန်မ မေးတာကို ဘာလို့မဖြေတာလဲ?"

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now