Chapter-68 မစ္စတာဝံပုလွေဆိုးကြီး၏လက်ဆောင်

1.7K 272 12
                                    

Clickကြပါဒါဒါတို့ရေ clickပေးကြပါ🌻

Title - မစ္စတာဝံပုလွေဆိုးကြီး၏လက်ဆောင်

သူမ၏လက်ဖဝါးသည် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ခံထားရပြီး ယွမ်ချိုးချိုး နဖူးပေါ်တွင် ချွေးများထွက်လို့နေ၏။

သူမ ခေါင်းအား အသာအယာလှည့်လိုက်သောအခါ သူမနှင့် အနည်းငယ်သာလှမ်းလေသည့် ရေစက်တို့ဖြင့် စိုစွတ်နေပါသော ရွမ်းကျောင်၏ မဟူရာမျက်တောင်တို့တို့ကို တွေ့လိုက်ရလေ၏။

သူ၏ဒဏ်ရာများမှာ ပိုကောင်းလာပုံရသည်။ မျက်နှာပေါ်ရှိ အနက်ရောင်အဖုလုံးများမှာ ပျောက်ကွယ်သွားပြီဖြစ်ပြီး သူ၏လည်ပင်းပေါ်တွင် ပျံ့နှံ့နေသည့် မှော်အမှတ်အသားများလည်း မရှိတော့ချေ။ သူ၏နဖူးထက်က ကြောက်စရာကောင်းသည့် ခပ်မှိန်မှိန်အမာရွတ်မှလွဲ၍ ပါးပြင်ထက်က အနာများအားလုံးသည်လည်း ကုသပြီးသွားပြီဖြစ်၏။

ယွမ်ချိုးချိုး သူ၏မျက်လုံးများရှိရာ ဝေဝါးစွာဖြင့် စောင်းငဲ့ကြည့်လိုက်ပြီး မစ္စတာဝံပုလွေအသေးလေးကဲ့သို့ပင် နူးညံ့လှသော်လည်း ပိုမိုထင်ရှားနေသည့် တည်ဆောက်ပုံဖြင့် ချောမော‌ပါသော ပါးပြင်တို့အား ကြည့်နေမိ၏။

သူမ၏ဝံပုလွေပေါက်လေးသည် ကြီးပြင်းခဲ့လေပြီ။

မှတ်ဉာဏ်ကမ္ဘာထဲတွင် မစ္စတာဝံပုလွေဆိုးကြီး၏ ကျိုးသွားသောအမြီးအကြောင်း တွေးမိသောအခါ ယွမ်ချိုးချိုး အသာအယာလှုပ်ရှားလိုက်ပြီး ရွမ်းကျောင်ကိုင်မထားသည့် သူမ၏အခြားလက်တစ်ဖက်ကို ဆန့်ထုတ်ကာ စောင်အောက်တွင် ဂရုတစိုက်ရှာဖွေနေမိတော့၏။

မကြာမီတွင် ခပ်ဖွဖွလွှဲယမ်းနေပုံရသည့် အမွှေးပွပွတစ်ခုကို သူမ,ခံစားမိလိုက်၏။ 

"ရှိနေသေးတာပဲ......" ယွမ်ချိုးချိုး မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း မစ္စတာဝံပုလွေဆိုးကြီး၏ အမွှေးပွပွအမြီးအား ညင်သာစွာ ထိလိုက်သည်။

မည်သို့ဖြစ်နေသည်ကို မသိတော့။ ရွမ်းကျောင် သူမအား ကြားလောက်မည်မဟုတ်သည်ကို သူမ,သိသော်လည်း မထိန်းချုပ်နိုင်စွာပင် ရှိုက်ငိုလျက်ဖြင့် သူမ,ပြောမိသည် "ဝံပုလွေငတုံး ၊ နောက်တစ်ခါ ရှင့်အမြီးကို ဆေးပင်လဲဖို့ မသုံးရတော့ဘူးနော်"

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now