Chapter-11 သူနှင့်နီးကပ်သည့်သူမှန်သမျှတဖြည်းဖြည်းသေဆုံးသွားကြသည်

4.3K 606 6
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်

Title - သူနှင့်နီးကပ်သည့်သူမှန်သမျှ တဖြည်းဖြည်းသေဆုံးသွားကြသည်

ရွမ်းကျောင်၏ နားရွက်ကြီးနှစ်ဖက်မှာ လှုပ်ယမ်းနေသည်။ သူ၏အနောက်ဖက်မှ အမြီးမှာလည်း ဘယ်ညာယမ်းနေပြီး လေပြေညင်းအေးအေးလေးတစ်ခုကိုတောင် ဖြစ်စေလိုက်သည်။

သူ၏နောက်ကျောသည် အေးစက်နေသည်။ ထို့ကြောင့် မစ္စတာဝံပုလွေဆိုးကြီးသည် သူ၏နားရွက်များနှင့်အမြီးမှာ အလွန်ပင်နုံအလှသည်ကို အလျင်အမြန်ပင် သတိပြုမိသွားသည်။ ထို့နောက် သူ၏ပါးစပ်ကြီးကို ချက်ချင်းပင် ပိတ်လိုက်တော့သည်။

သူ့အားဝံပုလွေအသားခြောက် လုပ်ပစ်မည်ဟု သူမပြောခဲ့သည်ကို သူရှင်းရှင်းလင်းလင်းကြီးကို မှတ်မိပါ‌သည်။

သူ၏ပြတ်နေသော ခြေလက်များအား ကုသရန် သူမကူညီခဲ့သော်လည်း  သူ့လိုအလွန်သတိကြီးသော ဝံပုလွေတစ်ကောင်အတွက် သူမအား အလွန်မြန်ဆန်စွာ ယုံကြည်လိုက်ရန်မှာ မဖြစ်နိုင်ပါပေ။ 

အိပ်ယာပေါ်သို့ သူပြန်ချပေးထားသည့် မိုက်မဲကာ အနည်းငယ်သနားစရာကောင်းသည့် သူ၏အမျိုးသမီးလေးအား သူဖြတ်ခနဲကြည့်လိုက်သည်။

အင်း.. သူမသည် အခုအချိန်တွင် အလွန်သနားစရာကောင်းနေသည်။ သူမသည် အားနည်းကာ လေတိုက်ခတ်သည့်ဒဏ်ကိုပင် ခံနိုင်ရည်မရှိမည့် ပုံပေါ်သည်။ သူမ ဤဂူမှထွက်သွားပါက သူမ,သေလိမ့်မည်။ 

သူသည်လည်း သူမ၏ဆေးပင်များအား အသုံးပြုထားမိသည်။ ထို့ကြောင့် သူမအား နှစ်ရက်ထပ်ပို၍ စောင့်ရှောက်ပေးရန် အဆင်ပြေပါသည်။ 

ထိုဟာများအပြင် ဤနုံအလှသည့် လူသားမှာ သူ့အား သူမ၏ခင်ပွန်းအဖြစ် အမှန်တကယ်ကိုပင် သတ်မှတ်ထားလေသည်။

သို့သော် သူ၏ဒဏ်ရာများ မည်မျှပင်ဆိုးရွားသည်ကို သူမသေချာပေါက် သိမည် မဟုတ်ပေ။

သူသည် နတ်ဆိုးအူတိုင် ပျက်စီးသွားပြီဖြစ်ကာ မျက်လုံးမမြင်ရတော့သည့် မသန်မစွမ်းဝံပုလွေသားရဲတစ်ကောင် ဖြစ်သည်ကိုလည်း သူမ,သိမည်မဟုတ်ပေ။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now