Chapter-25

3.3K 571 37
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်

Title - ဝံပုလွေဆိုးကြီးက တစ်ကောင်ပဲ ရှိလို့မရဘူးလား

"မင်း..." ရှဲ့ယွီသည် ဒေါသကို မထိန်းနိုင်တော့ကာ သူ၏အသံမှာ အနည်းငယ်တုန်နေသည်။

သူသည် သူ၏ချွန်ထက်သော ဝံပုလွေလက်သည်းများကို မြှောက်လိုက်ပြီး အကွာအဝေးတစ်ခုမှ ယွမ်ချိုးချိုးအား ညွှန်ပြလိုက်သည်။ သူ၏အမူအယာမှာ ရှုံ့တွနေလေ၏ "ယွမ်ချိုးချိုး ၊ မင်းသေဖို့ လမ်းရှာနေတာလား?" 

ရှဲ့ယွီသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ကာ တုန်နေလေသည် "ခွေးမ ၊ ငါ မင်းကို နောက်ထပ်အခွင့်အရေး ထပ်ပေးမယ် ၊ အခုချက်ချင်း ဒူးထောက်ပြီးတောင်းပန်မယ်ဆိုရင် လောင်ဇီက မင်းခန္ဓာကိုယ်ကို အကောင်းပကတိအတိုင်းထားဖို့ စဉ်းစားပေးမယ်" 

ယွမ်ချိုးသည် သူမ၏လည်ပင်းအားညှစ်ရန် အပြေးလာရန်အဆင်သင့်ဖြစ်နေပုံရသည့် သူ၏အမူအယာနှင့် ကြောက်စရာကောင်းသောမျက်လုံးများကို ကြည့်လိုက်ပြီး နောက်သို့ပြန်ဆုတ်မိသွားသည်။

သူမ၏ပတ်ပတ်လည်ရှိ ဝံပုလွေများအားလုံးသည် အားပေးအားမြှောက်ပြုနေကြပြီး သူတို့၏မျက်နှာများသည် မကျေမနပ်ဖြစ်နေကြသည်။ 

လေနှင့်နှင်း၏အောက်တွင် သူမ၏မျိုးနွယ်စုဖြစ်သော လူသားများသည်ပင် သူမ မည်သို့မည်ပုံ အသိပ်ခံရမည်ကို မြင်ချင်နေကြပြီး ဒရာမာကြည့်ရင်း ဖရဲစေ့စားနေသကဲ့သို့ သဘောထားမျိုးသာ ရှိနေကြလေ၏။

ဘေးတစ်ဖက်တွင်ရပ်နေသော ဝံပုလွေပျိုနဉ့်ယွဲ့သည်လည်း သူ၏မျက်လုံးများကိုသူ မယုံနိုင်ဖြစ်လျက် သူ၏မျက်နှာမှာ အစောလေးကတင် နူးညံ့သိမ့်မွေ့ပုံပေါ်နေသည့် ယွမ်ချိုးချိုးထံမှရလိုက်သော ရှောခ့်ရသွားမှုကြောင့် ပြန်မကောင်းသေးပေ။

ယွမ်ချိုးချိုးသည် မစ္စတာဝံပုလွေဆိုးကြီးထက် အဆပေါင်းများစွာ ပို၍သေးသော ရှဲ့ယွီ၏လက်သည်းများကို ကြည့်လိုက်သည်။

သူ၏ သူမအား'ခွေးမ'ဟုခေါ်လိုက်သော အသံကိုကြားသောအခါ ယွမ်ချိုးချိုးသည် အနည်းငယ် ရယ်စရာကောင်းကြောင်း ခံစားလိုက်ရသည်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now