Chapter-93 ကျွန်မ ယောက်ျားကို မကြောက်ပါဘူး

380 58 9
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

Title - ကျွန်မ ယောက်ျားကို မကြောက်ပါဘူး

ရှောင်ဒိုဒိုသည် ဆို့နင့်နေသောအသံဖြင့် ဆို၏။ အသက်နှစ်ဆယ်ခန့်ရှိနေပြီဖြစ်သော ခွန်အားမှာ ဒုတိယအဆင့်အထွတ်အထိပ်နှင့် ကြီးမားလှသောပန်ဒါကြီးမှာ ယခုအချိန်တွင်မူ သူ၏အသံကိုပင် ထိန်းချုပ်ထားနိုင်စွမ်းမရှိရှာ "အနက်ရောင်စပါးအုံးက ရှောင်ချင်ရဲ့ကြေးခွံတွေကို ဆွဲနှုတ်ဖို့ မှော်စွမ်းအင်ကို သုံးနေတာ....."

ရှောင်ဒိုဒို၏မျက်လုံးများမှာ အမုန်းတရားတို့ပြည့်နှက်နေပြီး သူ၏တစ်ကိုယ်လုံးမှာ အဆက်မပြတ် တုန်ရီနေ၏။

ယွမ်ချိုးချိုး မျက်ခုံးတို့အား တင်းကျပ်စွာ ပင့်လိုက်ပြီး ရှောင်ဒိုဒို၏စကားလုံးတို့မှ သတင်းအချက်အလက်ကို ဆွဲထုတ်နေ၏။ သူမ၏ဘေးရှိ မစ္စတာဝံပုလွေမှာလည်း နှုတ်ခမ်းတို့အားစေ့ထားပြီး သူမည်သည်အားတွေးနေကြောင်း မသိရပါချေ။

စိတ်တည်ငြိမ်မှုတို့ ပျောက်ဆုံးသွားပုံရသည့် ရှောင်ဒိုဒိုအားကြည့်လိုက်ပြီး ထန်းရှို့ သူ့အားစကားပြောနေခြင်းမှ ရပ်စေလိုက်သည်။ သူ အသက်ပြင်းပြင်းရှူသွင်းပြီး ရှင်းရှင်းလင်းလင်း ထပ်ပေါင်းထည့်ပြောရန် ကြိုးစားလိုက်၏ "တော်တော့"

ထန်းရှို့သည် ကုတင်ပေါ်တွင် လှဲလျောင်းနေသည့် မြွေတစ်ပိုင်း သိမ်းငှက်တစ်ပိုင်း ကလေးအား ညွှန်ပြ၏ "ဒီကလေး မနေ့ညတုန်းက နိုးလာပြီး သူ့နာမည်က 'ချူရှန်း'လို့ ပြောတယ်"

[T/N-ချူရှန်းရဲ့ အဓိပ္ပါယ်က တိရစ္ဆာန်ပါတဲ့]

ဤနာမည်အား ကြားလိုက်ရသောအခါ ယွမ်ချိုးချိုး တစ်စက္ကန့်မျှ ငေးကြောင်ကြောင်ဖြစ်သွားရပြီးနောက် သူမ၏နှလုံးမှာ ပြင်းပြင်းထန်ထန် ခုန်နေသည်ကို ခံစားမိလိုက်တော့၏။ သူမ လက်တို့ကို တင်းတင်းဆုပ်ထားပြီး ထန်းရှို့၏စကားကို ဆက်နားထောင်လိုက်သည်။

သိသာထင်ရှားစွာပင် သိမ်းငှက်ကြီးသည် ဒေါသထွက်နေသော်လည်း သူသည် ရှောင်ဒိုဒိုထက် ပိုမိုတွေးခေါ်တတ်ပြီး နက်ရှိုင်းနေသောအသံတစ်ခုဖြင့် ဆို၏ "သူတို့ရဲ့နောက်ခံ(နှစ်ယောက်လုံးက မြွေအနွယ်ဝင်တွေလို့ ပြောချင်တာပါ)တွေက နီးစပ်တာကြောင့်ဖြစ်မယ် ၊ ကောင်လေးက ရှဲ့ချင်နားမှာပဲ အမြဲတမ်းကပ်နေတာ။ သူ့နာမည်ကိုလည်း ပြောပြပြီးရော ရှဲ့ချင်က အတော်ကို စိတ်ဆိုးမာန်ဆိုးဖြစ်သွားတယ်"

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now