Chapter-46 အိမ်တံခါးလာခေါက်တဲ့လင်းတ

2.7K 432 12
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်❤️

Title - အိမ်တံခါးလာခေါက်တဲ့လင်းတ

သူမ၏ခေါင်းသည် မူးဝေနေဆဲဖြစ်ပြီး နာကျင်နေဆဲပင်။ သူမ၏နားများနှင့် ပါးပြင်များအားလုံးသည်လည်း ပူလောင်နေသည်။ 

ယွမ်ချိုးချိုး ဝံပုလွေ၏လက်မောင်းအား ကိုင်ထားသော သူမ၏လက်ကို အလျင်အမြန် လွှတ်လိုက်ပြီး မသိစိတ်အရ စက်ဝိုင်းတစ်ဝက်လှိမ့်လိုက်လေ၏။ ဝံပုလွေ၏အမြီးကို ဖိသွားပြီး မစ္စတာဝံပုလွေဆိုးကြီးထံမှအဝေးသို့ဆွဲသွားတော့၏။

သူမ မစ္စတာဝံပုလွေဆိုးကြီးနှင့် ဆက်နွှယ်နေသည့်အိပ်မက်ကို ယခုလေးတင်မက်ခဲ့ပြီး သူမ,နိုးလာသည့်အချိန်တွင် သူမကိုယ်သူမ သူနှင့်စောင်တစ်ခုတည်းတွင် အိပ်နေသည်ကို တွေ့ရှိလိုက်ရသည်။ ဒါကြီးက နည်းနည်းစိတ်လှုပ်ရှားစရာကောင်းမနေဘူးလား??

ယွမ်ချိုးချိုး အလျင်အမြန် မျက်တောင်ခတ်လိုက်ပြီး သူမ၏အားနည်းနေသော လက်မောင်းကိုမြှောက်ကာ မျက်လုံးထောင့်စွန်းက မျက်ရည်များကို သုတ်လိုက်၏။

သူမ နှုတ်ခမ်းအားကိုက်လိုက်ပြီး သူမ၏မျက်နှာသည် အနည်းငယ်ပူနေသည့်ပုံပင်။

"....."

'ဘာဆိုဘာမှမဖြစ်ခဲ့လောက်ပါဘူးနော် ဟုတ်တယ်မလား?'

ယွမ်ချိုးချိုး နီးနီးကပ်ကပ်ကြည့်လိုက်ပြီး သူမနှင့်ဝံပုလွေတို့သည် အဝတ်အစားများ ကောင်းကောင်းမွန်မွန်ဝတ်ထားပြီး အနည်းငယ်ရှုပ်ပွနေသည်မှလွဲ၍ တစ်စုံတစ်ခါဖြစ်ပျက်ခဲ့သည့် လက္ခဏာမျိုးမရှိသည်ကို တွေ့လိုက်ရသည်။ သူမ စိတ်သက်သာရာရစွာ ဖြည်းဖြည်းချင်း အသက်ရှူသွင်းလိုက်သည်။

မှတ်ဉာဏ်သည် ပြန်ရောက်ရှိလာ၏။ မနေ့ညတုန်းက ရွမ်းကျောင်၏လက်များသည် သွေးများ ပွန်းပဲ့ရာများဖြင့်ပြည့်နေခဲ့ပြီး တိရစ္ဆာန်အရေခွံခန်းဆီး၏ပုံရိပ်သည် သူမ၏စိတ်တွင်း ဝင်ရောက်လာ၏။ ယွမ်ချိုးချိုး သူမ၏နဖူးအားထိလိုက်ပြီး စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။ 

မနေ့ညတုန်းက သူမသည် ရေခဲရေထဲတွင် နစ်မြုပ်နေခဲ့ပြီး သူမဖက်တွယ်ထားခဲ့သည့် "မာတောင့်တောင့်မီးဖိုကြီး"တို့အတွက် သူမတွင်ထင်မြင်ချက်ရှိနေဆဲ ဖြစ်သည်။ ထို့နောက်ပိုင်းတွင် စတင်အဓိပ္ပါယ်ရှိလာလေပြီ။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now