Chapter-91 မစ္စတာဝံပုလွေ၏အချက်အပြုတ်

491 64 4
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

Title - မစ္စတာဝံပုလွေ၏အချက်အပြုတ်

ဤစကားမှာ သူမ ဝံပုလွေအားပြောဖူးသမျှ တည့်တိုးအဆန်ဆုံးပင်တည်း။

သူမ၏မျက်ခွံမှသည် နားရွက်တို့တစ်လျှောက် ပူလောင်နေသည်ကို ယွမ်ချိုးချိုး ခံစားမိ၏။

ရှက်နေသော်ငြားလည်း သူမမှာ ထူးဆန်းသည့် ခံစားချက်အချို့ကိုပါ ခံစားနေရသည်။ သူမသည် မစ္စတာဝံပုလွေ၏ လက်မောင်းအား ဆုပ်ကိုင်ထားသော်လည်း နူးညံ့သည့်တိမ်စိုင်များထက် ခြေနင်းထားရသကဲ့သို့ သူမ၏တစ်ကိုယ်လုံးမှာ အနည်းငယ်ပေါ့ပါးနေခဲ့လေ၏။

ရွမ်းကျောင်၏အခြေအနေသည်မှာလည်း သူမထက်တော့ ပိုကောင်းမနေပါချေ။ သူ၏မျက်တောင်ရှည်တို့မှာ အလွန်အမင်းတုန်လှုပ်နေရင်း ခန္ဓာကိုယ်မှာတောင့်တင်းလျက် သူ၏လက်ချောင်းထိပ်လေးများကမူ အနည်းငယ်တုန်ရီလို့နေ၏။

ထင်သာမြင်သာစွာပင် သူသည် ရုပ်ပျက်ဆင်းပျက် ဖြစ်နေပါသော်လည်း သူမကမူ သူသည်သာ အချောဆုံးပါဟူ၍ ဆိုခဲ့သည်။

သူ၏ကျဉ်းမြောင်းကာ ရှည်လျားသည့် ဇာမဏီမျက်ဝန်းတို့သည် ထူးဆန်းသည့်အလင်းရောင်တစ်ခုဖြင့် တဖိတ်ဖိတ်တောက်ပသွား၏။ ရွမ်းကျောင်၏မျက်လုံးတို့ အသာအယာရွေ့လျားသွားပြီး သူ၏နံဘေးက အမျိုးသမီးလေးအား ကြည့်လိုက်သည်။ သူ၏တုံ့ပြန်မှုအား မြင်လိုသောကြောင့် မော့ကြည့်လာသော ယွမ်ချိုးချိုးသည် သူ၏မျက်ဝန်းတို့နှင့် ဆုံသွားတော့၏။

ယွမ်ချိုးချိုး : "..."

သူမ တစ်ခဏမျှအေးခဲသွားပြီးနောက် ပို၍ပင်ရှက်သွားရတော့သည်။ သူမ ရွမ်းကျောင်၏အကြည့်အား ရှောင်ရှားရန် အလျင်အမြန်ခေါင်းငုံ့ချလိုက်ပြီး အကြောင်းအရာပြောင်းလိုက်၏ "အစားအသောက်တွေ အေးကုန်တော့မယ်လေ........"

ယွမ်ချိုးချိုး စကားပြောပြီးနောက် သူမ မစ္စတာဝံပုလွေ၏လက်‌မောင်းကို ဖြေလျော့ပေးလိုက်ကာ ထိုင်ခုံအဖြစ် ကျောက်ကုတင်ပေါ်တွင်ထိုင်ရန် စဉ်းစားလိုက်၏။

"မိန်းမ"

အသံသည် ပူနေသည့် လေစီးကြောင်းအား ဖြတ်သန်း၍ သူမ၏နားဆီသို့ ဝင်ရောက်လာပြီး သူမ၏ပါးပြင်များတစ်လျှောက် အတွင်းဘက်မှနေ နီမြန်းသွားစေရင်း နှလုံးသားအား တဝုန်းဝုန်းမြည်ဟီးစေတော့၏။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now