Chapter-48 ချင်းရူရီ

2.6K 398 22
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

Title - ချင်းရူရီ

အညိုရောင်ဝက်ဝံရှောင်ယွမ်သည် သူ့ညီငယ်၏စကားများကိုကြားသောအခါ ထင်းများကိုပွေ့ထားသောလက်ကို သံသယဖြစ်စွာ မြှောက်လိုက်၏ "ဟို့ ~ (ဒိုဒို မင်းဘာအကြောင်းပြောနေတာလဲ?)"

ရှောင်ဒိုဒိုသည် သူအနံ့ရလိုက်သည်မှာ သေချာစေရန် နှာခေါင်းရှုံ့ကာ လေအေးများကို ရှူသွင်းလိုက်လေသည်။ လေထဲတွင် အမှန်တကယ်ပဲ အားကောင်းသည့် မိုးမခသစ်ကိုင်းနံ့ရှိနေ၏ "ဟမ် ~ (မိုးမခသစ်နတ်ဆိုးအနံ့မျိုးပဲ)"

သူ၏စကားကိုကြားပြီးနောက် ရှောင်ယွမ်သည်လည်း သတိအနေအထားဖြစ်သွားပြီး ပတ်ဝန်းကျင်ကိုရှာဖွေရန် ကြိုးစားလိုက်၏။ 

သို့သော်လည်း ကောင်းကင်မှကျဆင်းနေသည့် နှင်းနှင့်မိုးစက်များမှအပ သံသယဖြစ်ဖွယ်တစ်စုံတစ်ခုကိုမျှ မတွေ့ရချေ။

"ဟမ် ~ (မှားမြင်မိတာများလား?)" မိုးမခနံ့သည် လေထုထဲတွင် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။ ရှောင်ဒိုဒိုသည် သူစောစောကရလိုက်သော မိုးမခနံ့သည် သူ၏ကိုယ်ပိုင်အထင်မှားမှုသက်သက်လားဆိုသည်ကို သံသယဖြစ်ရင်း တစ်ဝက်ဝိုင်းနေသည့် နားရွက်များကို လှုပ်ယမ်းလိုက်လေ၏။

"အူး ~ (ဒိုဒို ထင်းမြန်မြန်ကောက်ပြီး မိုးခိုကြစို့ မိုးရေတွေက အေးစက်လာပြီ)" မည်သည့်အန္တရာယ်မှမရှိတော့သည်ကိုမြင်ရသောအခါ မှောက်မိုက်နေသည့်ညအချိန်တွင် မသက်မသာခံစားနေရသည့် ရှောင်ယွမ်သည် မထိန်းနိုင်စွာအူလိုက်လေ၏။

ရှောင်ဒိုဒိုသည် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်၏——

"ကလစ်" "ကလစ်"

တစ်စုံတစ်ခုကျိုးသွားသလိုအသံသည် သူ၏နောက်မှ ရုတ်တရတ်ထွက်ပေါ်လာ၏။ ထို့နောက် လုစစ်ရန်၏ နာကျင်စွာဟိန်းဟောက်လိုက်သည့် အသံကြီးပါ တစ်ဆက်တည်း ထွက်ပေါ်လာခဲ့၏။ ရှောင်ဒိုဒို နောက်သို့အံ့ဩစွာကြည့်လိုက်ပြီး သွေးများစွန်းထင်းနေပြီး ပြန်ဆုတ်ခွာမသွားသေးသည့် မိုးမခသစ်ကိုင်းတစ်ကိုင်းကို မြင်လိုက်ရလေ၏။ 

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now