Chapter-41 မစ္စတာဝံပုလွေဆိုးကြီးဂရုတစိုက်ရေးဆွဲထားလေသည့်အစီအစဉ်

3.1K 520 41
                                    

Title - မစ္စတာဝံပုလွေဆိုးကြီး ဂရုတစိုက်ရေးဆွဲထားလေသည့်အစီအစဉ်

သတို့သမီး?

မျက်လုံးများနီနေပါသော ယွမ်ချိုးချိုးသည် မိုယွီ၏စကားများအားကြားသောအခါ သူမ၏ ရုပ်ပျက်ဆင်းပျက်ဖြစ်နေရှာသည့် အမည်ခံဝံပုလွေခင်ပွန်းသည်အား တွေးမိသွားလေ၏။ သူမ၏မျက်လုံးများမှာ နူးညံ့သွားသော်ငြား သူမ၏နှလုံးသားမှာမူ အနည်းငယ်ခါးသက်နေလေ၏။

မိုယွီ သူမ၏လက်ထဲသို့ ထိုးထည့်ပေးလိုက်သည့် တိရစ္ဆာန်အရေခွံတစ်လွှာဖြင့် ဖုံးအုပ်ထားသည့် သစ်သားခြင်းသေးသေးလေးအား သူမ လက်ညှိုးထိုးပြကာ ကောင်လေးအား မေးလိုက်သည် "ဒါကဘာလဲ?" သစ်သားခြင်းသေးသေးလေးမှာ မပေါ့ပေ။ အထဲတွင် ပစ္စည်းများအများအပြားရှိနေသည်ကို သူမ,ပြောနိုင်သည်။

"အဲ့ဒါ ဘိုးဘိုးလုပ်ထားတဲ့ ငါးစွပ်ပြုတ်" မိုယွီ၏မျက်လုံးများမှာ တောက်ပနေပြီး လူတစ်ကိုယ်လုံးရှိဖိအားများမှာလည်း အတော်လေးလျော့ပါးသွားလေပြီ။ သူသည် ပြုံး‌နေပြီး သူ၏အသက်အရွယ်လေးနှင့် ကိုက်ညီသည့် သက်ဝင်လှုပ်ရှားမှုအနည်းငယ်ကိုလည်း ပြသနေ၏ "အစ်မချိုးချိုး ကျွန်တော့အစ်ကို နိုးနေပြီ"

အံ့ဩသွားသည့် အမူအယာတစ်ခုအား ထုတ်ပြရင်း ယွမ်ချိုးချိုး၏မျက်လုံးများမှာ မသိမသာ ပြူးကျယ်သွား၏ "ကောင်းတာပေါ့ ၊ အဲ့လိုဆို ဆေးကို ကောင်းကောင်းသောက်သရွေ့ ဘာထိခိုက်မှုမှ ဖြစ်မှာမဟုတ်တော့ဘူး"

"အင်း" မိုယွီသည် သူ၏ခေါင်းအားထိလိုက်ပြီး သူမအား အပြုံးအကြီးကြီးတစ်ပွင့်ပေးလာလေ၏ "ကျေးဇူးတင်ပါတယ် အစ်မချိုးချိုး" 

"ကျေးဇူးတင်စရာမလိုပါဘူး ၊ အစ်မကလည်း အစ်မတို့ကို ငါးစွပ်ပြုတ်လာပေးလို့ ရှောင်ယွီကို ကျေးဇူးတင်ပါတယ်" ယွမ်ချိုးချိုး နှုတ်ခမ်းများအား ကွေးညွှတ်လိုက်၏။

ဘိုးဘိုးမို၏မိသားစုမှ တစ်စုံတစ်ခုအားကိုင်ထားရင်း မှောင်မည်းလာသောကောင်ကင်အား သူမ,ကြည့်လိုက်သည်။ သူမတွန့်ဆုတ်နေပြီး ပြောလိုက်သည် "ရှောင်ယွီ အစ်မကို ဒီမှာခဏစောင့်နေဦး"

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now