Chapter-37 နှင်းပေါ်သို့ကျဆင်းသွားခဲ့သည့်သွေးစွန်းသွားသောပွင့်ချပ်လေးများ

2.7K 489 48
                                    

Title - နှင်းပေါ်သို့ကျဆင်းသွားခဲ့သည့် သွေးစွန်းသွားသောပွင့်ချပ်လေးများ

ရှည်လျားနက်မှောင်သည့် ကောက်ကွေးနေသော ဆံပင်များမှာ ရွမ်းကျောင်၏ မှေးမှိန်ထိုင်းမှိုင်းနေသော မျက်လုံးများကြားရှိ ခံစားချက်များအားလုံးကို ဖုံးအုပ်ထားလျက် အောက်သို့ကျဆင်းနေကြ၏။

သူ၏အနက်ရောင်မျက်တောင်များမှာ တုန်ခါနေကြလျက် သူ၏လျာဖျားလေးကမူ သွားစွယ်ကို တင်းတင်းကြပ်ကြပ် ဖိထားလေ၏။ သူ၏ ဖြူဖျော့ကာ ရှည်သွယ်ပါသည့် လက်ချောင်းများကား သစ်ပင်ပင်စည်အား မြဲမြဲမြံမြံ ထိုးစိုက်ထား၏။ သူ၏နှုတ်ခမ်းများပေါ်ရှိ သွေးအစွန်းအထင်းများမှာ ပျောက်ကွယ်မသွားလေဘဲ သူ၏ရင်ဘတ်မှာ အကြိမ်အနည်းငယ်လောက် ဓားတစ်ချောင်းဖြင့် ထိုးစိုက်ခံနေရသကဲ့သို့ ခံစားနေရပြီး သတ်ဖြတ်လိုသောစိတ်ဆန္ဒတို့ဖြင့် ဖုံးလွှမ်းနေလေ၏။

သူ သူ၏ကြောက်စရာကောင်းလှသည့် သတ်ဖြတ်လိုစိတ်များကို ထိန်းချုပ်ရန် အစွမ်းကုန်ကြိုးစားနေပါ၏။ သူ၏နတ်ဆိုးအသိစိတ်သည် လုစစ်ရန်၏တစ်ပတ်လည်တွင် ရစ်ပတ်သွားလျက် သူ၏နှလုံးသားမှာ မရေတွက်နိုင်သော မှောင်မိုက်နေသည့်အတွေးပေါင်းမျောက်မြားစွာ ပေါက်ဖွားလာနေကြ၏-    

သူ့ထက် အသက်ဆယ်နှစ်ကျော်ပင်ပိုကြီးပြီး အဆင့်လေးကိုတောင် မရောက်သေးသည့် ခြသေ့်အိုတစ်ကောင်အတွက် သူမအားကယ်တင်မည်ဟုပြောရအောင် သူ၏အရည်အချင်းမှာ မည်သည်နည်း? သူ၏အမျိုးသမီးလေးအား ကယ်တင်မည်တဲ့လား?

မည်ကဲ့သို့တောင် "ကယ်တင်"ဆိုသော စကားလုံးအား သူ,အသုံးပြုရဲရသနည်း?  

လုစစ်ရန်သည် အတော်ပင်အရေထူလှကာ "သူ သူမကို လာကယ်သည်"ဟု သူမအား ပြောလာသောအခါ ယွမ်ချိုးချိုးမှာ အံ့ဩသွားရ၏။ ၎င်းမှာ အတော့်ကို စက်ဆုပ်စရာကောင်းလှသည်။ 

ယွမ်ချိုးချိုး ထပ်မံသည်းမခံနိုင်တော့ကာ ဂူဝင်ပေါက်သို့ မသိမသာတိုးကပ်သွားလျက် မဖော်ပြနိုင်သော မျက်လုံးတစ်စုံဖြင့် လုစစ်ရန်အား ကြည့်လိုက်တော့၏ "စစ်သည်တော်လု........ ရှင်တစ်ခုခုကို အထင်လွဲနေတာလား?"

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now