Chapter-55 ကြင်နာတတ်သည့်အဖွားတစ်ဦးအဖြစ်သို့အမှန်တစ်ကယ်ပင်ပြောင်းသွားလေရဲ့

2.1K 369 23
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်❤️

Title - ကြင်နာတတ်သည့် အဘွားတစ်ဦးအဖြစ်သို့ အမှန်တစ်ကယ်ပင် ပြောင်းသွားလေရဲ့

သူမ၏ကံကောင်းမှုမှာ တိုးတက်လာသော်လည်း အစာအိမ်ထဲတွင် ဝိညာဉ်ကျောက်တုံးများရှိနေသည့် ခိုဖက်တီးကဲ့သို့ အံ့ဩဖွယ်ရာ ဖမ်းဆီးရရှိမှုများကတော့ အများကြီးမရှိပေ။

ဒုတိယထောင်ချောက်မှာ နေရာရွေ့နေခြင်းပင်မရှိ။ တတိယထောင်ချောက်တွင် လှုပ်ရှားမှုအရိပ်တွေ့ရသော်လည်း သားကောင်ဖမ်းမိထားခြင်း မရှိပေ။

ယွမ်ချိုးချိုး ထိုဟာကို ကိုင်ကြည့်လိုက်ပြီး တတိယထောင်ချောက်ထဲတွင် ဥတစ်လုံးကိုသာ တွေ့လိုက်ရလေသည်။

ဤဥသည် သူမနောက်ဆုံးတစ်ခေါက်က တွေ့ခဲ့သည့်ဥနှင့် အရွယ်အစားအတူတူပင်ဖြစ်ပြီး အထဲတွင် အသက်သေးသေးလေး မရှိဆဲပါပင်။

ယွမ်ချိုးချိုး ဘုရားသခင်ဖြစ်လုနီးပါးပင်။ သူမသည် အသက်ရှင်နေပြီး ရုန်းကန်နေသေးသည့် တိရစ္ဆာန်သေးသေးလေးများနှင့် တွေ့ကြုံနေကျဖြစ်သော်လည်း သူမ မစ္စတာဝံပုလွေနှင့် အတူတူရှိနေသည့် အချိန်ကတည်းက သူမ ဥအများကြီးကိုတွေ့ခဲ့ပြီး မည်သည့်အသက်သေးသေးလေးကိုမှမတွေ့ရပေ။ 

သို့သော်လည်း ယနေ့အတွက်သီးနှံမှာ အလွန်ကိုကောင်းနေပြီး ဖြစ်လေသည်။ ဝိညာဉ်ကျောက်တုံးလေးများသည် မစ္စတာဝံပုလွေဆိုးကြီးအတွက် အချိန်တစ်ခဏလောက် အထောက်အပံ့ပြုပေးရန် လုံလောက်သည်။

ဥကိုသန့်ရှင်းအောင် သုတ်လိုက်ပြီးနောက် သူမ၏ကျောပိုးအိတ်ထဲသို့ထည့်ကာ ထောင်ချောက်ကို ပြန်စီစဉ်လိုက်သည်။ ငါးစာအသစ်ကိုထပ်ထည့်လိုက်ပြီး ယွမ်ချိုးချိုး တွန့်ဆုတ်တွန့်ဆုတ်ဖြင့် အိမ်သို့အရင်ပြန်ရန် ဆုံးဖြတ်လိုက်တော့သည်။

ရွမ်းကျောင်သည် သူမ,ထွက်သွားသည့်အချိန်ကအတိုင်း အိပ်နေသည့်ပုံစံ တူညီစွာဖြင့် ရိုးသားစွာ လဲလျောင်းနေတုန်းပင်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် မည်သို့သော ကွဲအက်ရာကိုမှမပြ။ သူ၏ကျိုးနေသော ခြေထောက်ပေါ်က ဆေးပင်များသည်လည်း လတ်ဆတ်နေဆဲပင်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now