Chapter-90 ကျွန်မယောက်ျားကအချောဆုံးပါ

490 81 2
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

Title - ကျွန်မယောက်ျားက အချောဆုံးပါ

မစ္စတာဝံပုလွေ၏အသံအားကြားရသောအခါ ယွမ်ချိုးချိုး လှုပ်ရှားလိုက်ပြီး သူမ၏ရှုပ်ပွနေသောအဝတ်များကို အလျင်အမြန် သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်လိုက်သည်။ သူမ ပြန်ထူးလိုက်၏ "အင်း...."

"..." တိရစ္ဆာန်အရေခွံခန်းဆီး၏ အခြားတစ်ဖက်သည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။ သူ၏ဦးနှောက် မည်သို့အလုပ်လုပ်နေသည်ကိုမသိသည့် ဝံပုလွေသည် မဝံ့မရဲ‌ဖြင့် မေးလာလေ၏ "ခါးက မသက်မသာ ဖြစ်နေလို့လား?" 

ယွမ်ချိုးချိုး : "?"

သူမခါးက ဘာလို့မသက်မသာ ဖြစ်ရမှာတုန်း?

သူမ တစ်ခဏ‌အေးခဲသွားရပြီး ထို့နောက်တွင်မှ သဘောပေါက်သွားတော့၏။ ပြီးခဲ့သည့်ပူးတွဲလေ့ကျင့်မှုတွင် ရွမ်းကျောင်သည် သူမအားရစ်ပတ်ရန် သူ၏အမြီးအား အသုံးပြု‌ခဲ့သောကြောင့် မေးခြင်းဖြစ်သည်။

သူမ၏နှုတ်ခမ်းထောင့်စွန်းတို့မှာ မတတ်နိုင်စွာ ကွေးညွှတ်သွားရပြီး ယွမ်ချိုးချိုး လက်ကိုမြှောက်ကာ သူမ၏ခပ်ရေးရေးပူနေသော ပါးမို့မို့အား ထိလိုက်၏။ သူမ သူမ၏ခန္ဓာကိုယ်အား အနည်းငယ်ခံစားကြည့်လိုက်ပြီး သူမ၏ခါးနှင့်ခြေလက်တို့မှာ လက်ဖျားခြေဖျားများကဲ့သို့ပင် ကိုက်ခဲနေလေ၏။

"မဖြစ်ပါဘူး" ယွမ်ချိုးချိုး ဝံပုလွေအား အကြာကြီးမစောင့်စေဘဲ သူ၏မေးခွန်အားဖြေရင်း ကျောက်ကုတင်မှ ထလိုက်၏။

အပြင်ဘက်ရှိရွမ်းကျောင်သည် အိပ်ခန်းထဲရှိ အဝတ်များပွတ်တိုက်သွားသံကိုကြားနေရပြီး သူ၏မျက်လုံးတို့အောက်တွင် တဖြတ်ဖြတ်လက်နေသည့် ရှက်နေမှုအားဖုံးကွယ်ရန် မျက်တောင်ရှည်များကို ညွှတ်ချလိုက်၏။ သူ၏နားရွက်များမှာ နီရဲနေရှာ၏ "ဝုဖ် ... မိန်းမကို အပြင်မှာစောင့်နေမယ်" 

ယွမ်ချိုးချိုး : "..."

သူ ဝင်လာလိမ့်မည်ဟု သူမ,ထင်ခဲ့သည်ပင်။

ရနံ့အချို့သည် ခန်းဆီအဟလေးကြားမှ ဝင်ရောက်လာရာ မစ္စတာဝံပုလွေ နံနက်စာပြင်နေခြင်း ဖြစ်လောက်မည်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now