Chapter-59 မစ္စတာဝံပုလွေဆိုးကြီး!

1.9K 334 25
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်❣️

Title - မစ္စတာဝံပုလွေဆိုးကြီး!

ဘွားဘွားရူရီသည် ယွမ်ချိုးချိုးအား သူမ၏မိုးမခသစ်ကိုင်းတို့ဖြင့် ကူတွဲပေးထားပြီး သူမ၏ဖြူဖျော့နေသော မျက်နှာအား ကြည့်လိုက်ပြီးနောက် အသံအနေအထားအား လျှော့လိုက်၏ "ဘွားဘွား နေရာတစ်ခုကိုတော့သိထားတယ် ၊ ဒီနေရာနဲ့နည်းနည်းလှမ်းတဲ့ ဆောင်းဝက်ဝံမျိုးနွယ်စုနားမှာ"

ဘွားဘွားရူရီသည် ပြုံးလိုက်သည် "ဘွားဘွားတို့ ဒီအကြောင်းကို နောက်မှပြောကြမယ် ၊ မင်း အခုလေးတင်မှ အားအလွန်အကျွံသုံးထားတာလေ ၊ ဘွားဘွားတို့အိမ်ကို ပြန်ကြစို့ ၊ ခဏလောက်နားပြီးရင်း မင်းရဲ့ဂူကို ဘွားဘွားပြန်လိုက်ပို့ပေးမယ်"

"ကျွန်မ ..... " ယွမ်ချိုးချိုးသည် ဘွားဘွားရူရီအား ငြင်းချင်ခဲ့သည်။ သူမ အိမ်ကထွက်ခွာခဲ့သည်မှာ အချိန်အကြာကြီးမရှိသေးသော်ငြားလည်း မစ္စတာဝံပုလွေဆိုးကြီးသည် ယခုအရေးကြီးသည့်အချိန်တွင် ရှိနေသောကြောင့် သူမ သူ့အားကြည့်မနေရလျှင် အနည်းငယ်မသက်မသာဖြစ်သလို ခံစားရသည်။

ချင်းရူရီသည် လက်ဆန့်ထုတ်ကာ ယွမ်ချိုးချိုး၏နဖူးကို ပုတ်လိုက်သည် "သားရဲတစ်ပိုင်း နတ်ဆိုးတစ်ပိုင်းတွေရဲ့ အသက်ရှင်နိုင်စွမ်းက အတော်ကိုအားကောင်းကြဝာာ။ မင်းကအခု အရမ်းအားနည်းနေတယ်။  အလျင်စလိုပြန်သွားမယ်ဆိုရင် သူ့ကိုမကူညီနိုင်ရုံတင်မဟုတ်ဘူး အရှုပ်အထွေးတွေပါ ထပ်ဖြစ်ကုန်လိမ့်မယ်"

"ဟုတ်ပြီလား။ ဘွားဘွားနဲ့ အရင်ပြန်လိုက်ကြရအောင်။ ကျင့်ကြံရေးနည်းလမ်းအကြောင်းနဲ့ အနီးအနားမျိုးနွယ်စုတွေက သတင်းတချို့တလေကို ဘွားဘွား မင်းကိုပြောပြမယ်လေ"

ချင်းရူရီသည် မဖုံးမကွယ်ဘဲ ဤစကားတို့အား ပြောနေစဉ်တွင် သူမ၏မိုးမခသစ်ကိုင်းများသည် ပတ်ပတ်လည်တွင် လျင်မြန်စွာ လှုပ်ရှားသွားကြလျက် မြေပြင်ပေါ်ရှိ အသီးအရွက်ရိုင်းများကိုတူးနေပြီး ဖြတ်သန်းသွားသည့် ငှက်ဝဝတစ်ကောင်ကိုလည်း ဖျတ်ခနဲသတ်ကာ အောက်ကိုဆွဲယူလိုက်သေးသည်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now