Chapter-76 အဖြူထည်

1.3K 191 9
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

Title - အဖြူထည်

ဤအခိုက်အတန့်တွင် ယွမ်ချိုးချိုး သူမ မစ္စတာဝံပုလွေကြီး၏အင်အားအား ခံနိုင်စွမ်းရှိသလား မရှိဘူးလား စဉ်းစားမနေတော့ပေ။

သူမ မေ့မြောသွားသလိုဟန်ဆောင်လိုက်ပြီးနောက် တစ်ခဏအကြာတွင် မစ္စတာဝံပုလွေဆိုးကြီးသည် ထိုအကြောင်းအား စဉ်းစားနေလေ၏။ အောင်မြင်မှုနောက်သို့ လိုက်သင့်သလားဆိုသည်ကို စဉ်းစားနေသကဲ့သို့ သူ၏ရှည်သွယ်သွယ် လက်ချောင်းများသည် "ဘီးတပ်ကုလားထိုင်"ပေါ်တွင် ဆက်လက်ခေါက်နေခဲ့လေ၏။ (ဟုတ်ကဲ့ victoryနဲ့သုံးသွားတာပါ ချိုးချိုးနဲ့သက်ဆိုင်တာကိုများ တင်စားသလားတော့ အိုင်လည်းသေချာနားမလည်ပါဘူး☹️)

ယွမ်ချိုးချိုး : "....."

သူမမှာ ဤကဲ့သို့ ပြုသမျှနုရလေမည့် အခြေအနေမျိုးသို့ရောက်မည်ကို ဘယ်တုန်းကမျှ မတွေးခဲ့ဖူးပါချေ။

သူ့ဇနီးလေး၏အသက်ရှူသံ အနည်းငယ်ရှုပ်ထွေးနေပြီး အနည်းငယ်ရှက်နေပုံရသည်ကို သိရှိရပြီးနောက် ရွမ်းကျောင် အတွင်းစိတ်မှရုန်းကန်ရင်း သူမ၏အထင်အမြင်ကို လေးစားရန်ဆုံးဖြတ်ကာ သူ၏ဝိညာဉ်စွမ်းအင်တို့ကို ဆက်လက်လမ်းညွှန်မပေးတော့ပါပေ။ 

သူမ၏လက်ချောင်းတစ်ဝိုက်ရှိ ညှို့ငင်ဖမ်းစားနေသလိုမှော်စက်ဝန်း ပျောက်ကွယ်သွားသောအခါ ယွမ်ချိုးချိုး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သို့‌ပါသော်လည်း ဝံပုလွေ၏ ဤစဉ်းစားပေးသည့် လုပ်ရပ်ပြီးသွားပြီးနောက် သူမ အဘယ်ကြောင့် အနည်းငယ်စိတ်ပျက်သွားသလို ခံစားမိနေရခြင်းကိုမူမသိ။

"..." သူမ စဉ်းစားနေသည့်အကြောင်းအရာအား သ‌တိထားမိပြီးနောက် ယွမ်ချိုးချိုး၏မျက်နှာမှာ ပိုမိုနီရဲလာလေတော့၏။

သူမနှလုံးသားအောက်ခြေမှပင် ကွန်ပလိန်းတက်တော့သည်- သူမသည် မြန်မြန်ဆန်ဆန် မကျင့်ကြံနိုင်တော့သောကြောင့် စိတ်ပျက်သွားရခြင်းသာ သူမမှာ အခြားအတွေးများ စိုးစဉ်းမျှပင်မရှိဟူ၍!  

ယွမ်ချိုးချိုး၏မျက်တောင်တို့မှာ တုန်တုန်ရီနေကြပြီး လက်များနှင့်ခြေများမှာလည်း အနည်းငယ် ပျော့ခွေနေသေးသည်။ သူမ လှဲသာလှဲနေနိုင်၏။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now