Chapter-30 နောက်ဆုံးတော့ဗိုက်ပြည့်သွားပြီ

3.4K 459 31
                                    

Clickဖို့ မမေ့ကြပါနဲ့နော် ဖုန်းဘေလ်ခြွေတာနေတယ်ဆိုရင်တောင် ငါးခု ခြောက်ခု ခုနစ်ခု ရှစ်ခုလောက်တော့ သွားclickလိုက်နော် အများကြီးမကုန်ပါဘူး❤️

Title - နောက်ဆုံးတော့ဗိုက်ပြည့်သွားပြီ

သူသည် သူ၏အမျိုးသမီးလေးအား သူ၏အမြီးမှာ နူးညံ့ ၊ အမွေးပွ ၊ နွေးထွေးသည်ကို ဘယ်သောအခါမျှသိခွင့်ပေးလိမ့်မည်မဟုတ်ဟု အချို့ဝံပုလွေများက ထင်ကြမည်ဖြစ်သော်ငြား သူ၏ခန္ဓာကိုယ်ကမူ အမြဲလိုပင် ရိုးသားနေပါ၏။

ဝံပုလွေသည် သူ၏အမြီးအား အရမ်းကြီးပြင်းပြင်းထန်ထန် မရွေ့လျားရဲလေဘဲ ညင်သာသိမ်မွေ့စွာသာ အသက်ကိုလည်း ရှူသွင်းနေလေ၏။ နောက်ပိုင်း၌ နာကျင်မှုနှင့်  သူ၏ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးစွမ်းအင်တို့၏ နှစ်ဆဖိနှိပ်လာမှုကြောင့် အနည်းငယ် ကသိကအောက်ပုံစံဖြင့်ပင်  ထိန်းသိမ်းထားရပါ၏။ "ဥတစ်ဥအားဝပ်"နေစဉ်တွင် သူသည် နာကျင်မှုကိုတောင့်ခံရန်နှင့် သူ၏ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးအူတိုင်ကို ပြုပြင်ရန် ကြိုးစားလေ၏။

ရွမ်းကျောင်သည် ခါတိုင်းကဲ့သို့ပင် လေထုထဲရှိ စွမ်းအားကိုယူရန် ကြိုးစားလိုက်၏။ သို့ပါသော်လည်း စွမ်းအားအနည်းငယ်ကို အောင်မြင်စွာစုပ်ယူပြီးသည့် အချိန်တိုင်းမှာပင် ထိုစွမ်းအားများသည် သူ၏ခန္ဓာကိုယ်ထဲရှိ ပို၍ရုန်းကန်ထိုးထွက်လာသော နတ်ဆိုးစွမ်းအင်များထံမှ ချက်ချင်းပင်ဝန်းရံခံလိုက်ရပြီး အရူးအမူး ဝါးမြိုခြင်းကို ခံလိုက်ရ၏။

ရွမ်းကျောင် နှစ်ကြိမ်ကြိုးစားခဲ့သည်။ သူ၏ခန္ဓာကိုယ်ထဲရှိစွမ်းအင်မှာ တိုးမလာရုံသာမက မှော်စွမ်းအင်(နတ်ဆိုးစွမ်းအင်)ကမူ အများအပြားပင် တိုးပွားလာလေ၏။

သူ ထပ်၍ မကြိုးစားရဲတော့ပေ။ သူ၏သွေးထဲမှ အဆက်မပြတ်စီးဆင်းနေသည့် နတ်ဆိုးစွမ်းအင်အားဖိနှိပ်ရန် နတ်ဆိုးအသိစိတ်ကိုသာ ပြင်းပြင်းထန်ထန် ထိန်းချုပ်နေရ၏။ ထို့ပြင် သူ၏လည်ချောင်းထဲတွင် ချိုမြမြရနံ့တစ်ခုလည်း ရှိနေလေ၏။  

နတ်ဆိုးအူတိုင်သည် အရင်အကြိမ်ကထက်ပို၍ အက်ကွဲလာပုံပင်။ ရွမ်းကျောင်သည် ရက်စက်လှသည့်အရာတစ်ခုကို ဝိုးတိုးဝါးတား သဘောပေါက်သွားတော့၏-- 

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now