Chapter-23 ယောက်ျား,ရှင်မသေရဘူးနော်

3.7K 536 19
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်

Title - ယောက်ျား, ရှင်မသေရဘူးနော်

ယွမ်ချိုးချိုးသည် မစ္စတာဝံပုလွေဆိုးကြီး၏ကိုယ်ပေါ်ရှိ အနက်ရောင်အဖုလုံးများ ဆက်လက်မပျံ့နှံ့တော့သည်နှင့် သူ၏အသက်ရှူသံ တဖြည်းဖြည်းတည်ငြိမ်လာသည်ကို မြင်သောအခါတွင်မှ မှော်အူတိုင်ကိုစုပ်ယူခြင်းအား ရပ်တန့်လိုက်လေသည်။

ဒုတိယအဆင့်ရေဒြပ်စင်မှော်အူတိုင်သည် တစ်ဝက်မျှစုပ်ယူခံလိုက်ပြီး အရောင်သည်ပို၍ မှိန်ဖျော့လာသည်။

ယွမ်ချိုးချိုး မစ္စတာဝံပုလွေဆိုးကြီး၏ လက်ကိုလွှတ်လိုက်ပြီး သူ၏နဘေးတွင်လဲလျောင်းကာ  သူမ၏စွမ်းအားအလွန်အကျွံသုံးစွဲခြင်းကြောင့်ဖြစ်ပေါ်လာသည့် နာကျင်မှုကို သက်သာရန်အတွက်  ဖြည်းဖြည်းချင်းအသက်ရှူရင်း နာကျင်မှုကို တောင့်ခံနေခဲ့၏။

သူမနှင့် သူမ၏လက်ရှိခန္ဓာကိုယ်သည် ပျက်ကပ်ပြီးကမ္ဘာက ခန္ဓာကိုယ်ထက် ပို၍အံဝင်ဂွင်ကျဖြစ်ပြီး သူမ၏အရည်အချင်းများကို ပို၍ကောင်းမွန်စွာအသုံးပြုနိုင်သော်လည်း ပထမအဆင့်တောင်မရောက်ရှာသေးသည့် အားနည်းသောကြက်ပေါက်လေးတစ်ကောင်မှာ ဗြုန်းဒိုင်းကြီး စုပ်ယူရ ၊ အသွင်းပြောင်းလဲရပြီး စွမ်းအင်အများကြီးကိုထုတ်လွှတ်ရသောအခါဝယ် သူမ၏ခန္ဓာကိုယ်မှာ ထိုအရာအား ကိုင်တွယ်နိုင်စွမ်းမရှိတော့ပါပေ။

ယွမ်ချိုးချိုး ရုတ်တရတ် သူမသည်လည်း မစ္စတာအရန်အစားအစာထက်တော့ အများကြီးပိုမကောင်းဟု ခံစားမိသည်။ သူမသည် စောစောကမှ အပြင်ကပြန်လာပြီး ညစ်ပတ်ပေရေနေခဲ့သည်။  ထို့ပြင် သူမ၏ခန္ဓာကိုယ်ပေါ်တွင် သွေးအများအပြားရှိနေပြီး ပျက်စီးသွားသောသွေးကြောအနည်းငယ်လည်း ရှိနေသည်။

သို့သော်လည်း လုံးဝအကျိုးမရှိတာမျိုးတော့ မဟုတ်ချေ။

သူမတန်ထျန်း၏စွမ်းရည်သည် ယခုအချ်ိန်တွင် ယခင်ကထက် အဆပေါင်းများစွာ ကြီးမားလာပြီး မကြာမီပင်  အဆင့်တစ်ကို ချိုးဖြတ်နိုင်တော့မည့်ပုံပင်။ ထို့ပြင် မစ္စတာဝံပုလွေဆိုးကြီး မစုပ်ယူရသေးသော လောလောလတ်လတ်စွမ်းအားအမျှင်တန်း အနည်းငယ်တောင် ရှိနေဆဲပင်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now