Chapter-50 နှစ်ဆယ့်သုံးနှစ်တာကြာခဲ့ပြီးနောက်ပြန်လည်ဆုံဆည်းခြင်း

2.2K 369 26
                                    

Todayက အိုင့်မွေးနေ့မို့လို့ သုံးပိုင်းလက်ဆောင်💨
န‌ဉ့်ကျီနဲ့လုကုကတော့ လက်ဆောင်မရှိပါဘူး အိုင်အလုပ်ရှုပ်တာရော ပျင်းတာရောနဲ့ပေါင်းပြီး တစ်ဝက်ပဲပြီးသေးလို့ရယ်🥺

Clickဖို့မမေ့ကြပါနဲ့ရှင့်❣️

Title - နှစ်ဆယ့်သုံးနှစ်တာကြာခဲ့ပြီးနောက် ပြန်လည်ဆုံဆည်းခြင်း

မစ္စတာဝံပုလွေ၏ ဂရုတစိုက်အတွေးကြောင့် အချိန်တို့သည် ယွမ်ချိုးချိုး သူနှင့်စတွေ့ခဲ့သည့် အချိန်သို့ ပြန်ရောက်သွားပုံပေါ်၏။

တစ်ခုတည်းသောခြားနားမှုမှာ သူမတို့တွင် တစ်လကျော်ကြာ အသက်ရှင်နေထိုင်ရန်အတွက် အစားအစာများနှင့် ဆေးပင်များ လုံလုံလောက်လောက်ရှိနေခြင်းဖြစ်၏။

ထို့ပြင် မစ္စဝံပုလွေ၏ဒဏ်ရာများမှာလည်း အရင်ကလောက်မဆိုးတော့။

လူသားတစ်ဦးနှင့် ဝံပုလွေတစ်ကောင်တို့၏ သန့်ရှင်းခြင်းလုပ်ရိုးလုပ်စဉ်ပြီးသွားပြီးနောက် သူမ သူ၏ဆေးကိုလဲပေးလိုက်ပြီး မစ္စတာဝံပုလွေ၏အခြေအနေကို အတည်ပြုလိုက်၏။

ဂူအားသန့်ရှင်းရေးလုပ်ပြီးနောက် သူမတို့၏လက်ရှိပိုင်ဆိုင်မှုများကို စဉ်းစားရင်း ဂျင်းပြုတ်ရေအနည်းငယ် လုပ်လိုက်၏။

ဂူပေါက်ဝတွင် လေမိုးဒဏ်ကိုကာကွယ်ပေးမည့် တံခါးတစ်ချပ်ရှိနေပြီး အိပ်ခန်းရှေ့က သားရေခန်းဆီးသည်လည်း အရင်ထက် ပိုထူလေသည်။

သိမ်းငှက်အစ်ကိုကြီးပို့ပေးလာသော တိရစ္ဆာန်အရေခွံများနှင့် ဆေးပင်များကို ကျေးဇူးတင်ရပေမည်။ မစ္စတာဝံပုလွေဆိုးကြီးတွင် ယခု အဝတ်အစားသုံးစုံရှိသွားလေပြီ။

အစားအစာများအကြောင်းပြောရလျှင် သိုလှောင်ခန်းထဲ၌ ပထမအဆင့်အမဲသား အများအပြားရှိနေဆဲပင်။ သူမ လေခြသေ့်မျိုးနွယ်စုမှယူလာခဲ့သော အသားခြောက်များသည် ကုန်သွားပြီဖြစ်သော်လည်း tuberမှုန့်အနည်းငယ်တော့ ကျန်သေးသည်။ အရင်တစ်ခေါက်က မိုယွီပို့ပေးထားသည့် ယုန်သားနှင့်ငါးကိုလည်း မစားရသေးပေ။ မစ္စတာဝံပုလွေဆိုးကြီး ယူလာခဲ့သည့် ဥသုံးလုံးလည်း ရှိသေးသည်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now