Chapter-64 သူမသည်သူစိတ်ကူးယဉ်ခဲ့ဖူးသောလူသားအမျိုးသမီးလေးဖြစ်၏

1.8K 287 10
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻✨

Title - သူမသည် သူစိတ်ကူးယဉ်ခဲ့ဖူးသော လူသားအမျိုးသမီးလေးဖြစ်၏💓

မစ္စတာဝံပုလွေအသေးလေး၏ သူငယ်အိမ်တို့သည် တုန်ရီသွားကြ၏။ သူ အလိုလျောက်ပင် ယွမ်ချိုးချိုး၏လက်ထဲမှ ရုန်းထွက်လိုက်သည်။

သူမ သူ့အားထိလိုက်သည့် နေရာသည် ထုံထိုင်းနေပြီး ကျောက်တုံးနှင့်ပစ်ပေါက်ခံရသည်ထက် ပိုမိုနာကျင်ကာ ပိုမိုသည်းမခံနိုင်သလို ခံစားရ၏။

ရွမ်းကျောင်၏ နက်မှောင်နေသော မျက်ခုံးတန်းများသည် တွန့်ချိုးသွားပြီး သူမအားရှောင်ရန် ဘေးတစ်ဖက်သို့ လှည့်လိုက်သည်။ သို့သော် သူ၏မျက်လုံးများသည် အကြောင်းပြချက်တစ်ချို့ကြောင့် ယွမ်ချိုးချိုးရှိရာဆီ လှည့်ကြည့်နေဆဲပင်။ သူ၏မီးခိုးပြာရောင် မျက်ဝန်းတို့သည် တောက်ပကာ တည်ကြည်နေ၏။

ပထမဆုံးတွေ့ဆုံမှုမှာပင် ယွမ်ချိုးချိုး ရွမ်းကျောင်ထံမှ ငြင်းပယ်ခံလိုက်ရသောကြောင့် စိတ်ပျက်သွားရရှာ၏။

ဝံ‌ပုလွေပေါက်လေးအား ပြန်ခေါ်ရန် ကြိုးစားရင်း သူမ၏လက်တိုတိုလေးကို အားနည်းစွာ‌မြှောက်ကာ မစ္စတာဝံပုလွေအသေးလေးရှိရာဆီ ဆန့်တန်းလိုက်သည်။

မစ္စတာမီးခိုရောင်ဝံပုလွေသည် သူမအား သေချာပေါက်မြင်သော်လည်း မမြင်ဟန်ဆောင်နေဆဲပင်။ နှုတ်ခမ်းများကို တင်းတင်းစေ့ထားကာ စကားမဆိုပေ။ သူ၏မျက်နှာသေးသေးလေးမှာ ဖျော့တော့နေပြီး သူမအား တိတ်တိတ်လေး အာရုံစိုက်ထားလေ၏။

ယွမ်ချိုးချိုး : ".........."  ဆိုတော့ ‌အနှီဝံပုလွေပေါက်သည် ငယ်ငယ်ကတည်းကပင် ဤကဲ့သို့ကောက်တောက်တောက် အကျင့်မျိုးရှိနေသည်ပေါ့လေ?
(Twisted Characterတဲ့ အိုင်လှလှပပမရေးတတ်လို့ ကောက်တောက်တောက်အကျင့်လို့ ရေးထည့်လိုက်ပြီ)

ယွမ်ချိုးချိုး သူမနှလုံးသားထဲတွင် အနည်းငယ်ငိုကြွေးချင်သွားတော့သည်။ သို့သော်လည်း သူမ သူမ၏ခြေထောက်တိုတိုလေးများဖြင့် မစ္စတာဝံပုလွေအသေးလေးဆီသို့ ပြေးမသွားရသေးခင်မှာပင် ဝက်သားရဲများသည် ကျောက်တုံးများဖြင့် ပစ်ပေါက်ခြင်းကို နောက်တစ်ကြိမ် စတင်ကြပြန်လေသည်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now