Chapter-80 မိန်းမက ဝုဖ်နဲ့ခွဲအိပ်ချင်လို့လား?

1.5K 185 9
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

Title - မိန်းမက ဝုဖ်နဲ့ခွဲအိပ်ချင်လို့လား?

အများကြီးပြောင်းလဲသွားကာ ဆောင်းဝက်ဝံမျိုးနွယ်စုနှင့်လည်း သိပ်မဝေးတော့သောကြောင့် သိမ်းငှက်ကြီးသည် ရိုးရှင်းစွာပင် လူသားအသွင်သို့ ပြန်လည်ပြောင်းလဲလိုက်၏။ 

ဤဟာမှာ ယွမ်ချိုးချိုး ထန်းရှို့အား လူသားအသွင်ဖြင့်မြင်ဖူးသည့် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။ 

သူ၏အသွင်အပြင်မှာ အလွန်ကောင်းမွန်ပြီး ပြတ်သားသည့်ပုံစံဖြစ်သည်။ အသက်နှစ်ဆယ်ကျော်အရွယ်နှင့် မတူဘဲ ပိုမိုရင့်ကျက်သောပုံမျိုးပင်။

"ရှောင်ယွမ် ရှောင်ဒိုဒို ဘာတွေဖြစ်နေတာလဲကွာ?" ထန်းရှို့ ရှောင်ယွမ်၏လက်ထဲရှိ ကလေးအား ထိုးပြလိုက်ရင်း သူ၏မျက်ခုံးတို့ကို ရုတ်တရတ် ပင့်လိုက်လေသည်။

"..." ဝက်ဝံ၏နာမည်အား ကြားလိုက်ရသောအခါ ယွမ်ချိုးချိုး၏နှုတ်ခမ်းတို့မှာ မသိလိုက်မသိဘာသာပင် မြင့်တက်သွားရသည်။ သူမ မစ္စတာဝံပုလွေဆိုးကြီး၏ ဘီးတပ်ကုလားထိုင်ကို ခပ်တင်းတင်းဆုပ်ထားသော လက်တို့ဖြင့်တွန်းရင်း အပြုံးကိုထိန်းထားရ၏။

သူမ ခန့်မှန်းသည်သာမှန်ပါက ရှောင်ဒိုဒိုဟုအမည်ရသောဝက်ဝံမှာ အသက်၁၇ ၁၈ရှိပုံရသည့်ကောင်လေး(big boy) ဖြစ်လိမ့်မည်။ သူ၏နာမည်သည် ထူးဆန်းလှပါပေ၏။

(ရှောင်ဒိုဒိုရဲ့အဓိပ္ပါယ်က မိန်းကလေးတွေအတွက် သင့်တော်တဲ့ နောက်ထပ်နာမည်တစ်ခုဖြစ်တဲ့ ဝက်ဝံပန်းပွင့်ပါတဲ့)

သို့သော် သူမ သူမ၏နှုတ်ခမ်းတို့ကို အလျင်အမြန်ထိန်းချုပ်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ ဝက်ဝံနှစ်ကောင်၏ ရှင်းပြချက်များကိုနားထောင်ရန် အာရုံစိုက်လိုက်သည်။

ဘွားဘွားရူရီ သူမလက်ကို ဝှေ့ယမ်းလာသည် "နောက်ကျနေပြီ ၊ လမ်းလျှောက်ရင်းနဲ့ပြောကြတော့"

ဝက်ဝံများ တုံ့ပြန်လိုက်ကြပြီး ယွမ်ချိုးချိုးလည်း မစ္စတာဝံပုလွေဆိုးကြီးကို တွန်းလာကာ ရှောင်ယွမ် အံ့ကြိတ်နေသံကို ကြားလိုက်ရ၏ "အဲ့ဒါ အနက်ရောင် စပါးအုံးအိုကြီးပဲ" 

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now