Chapter-14 သူမကသူ့ဘေးမှာဘယ်လိုတောင်လာအိပ်နေရတာလဲ?

4.1K 600 24
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်

Title - သူမက သူ့ဘေးမှာ ဘယ်လိုတောင်လာအိပ်နေရတာလဲ?

သတ်လတ်ပိုင်းအရွယ်ဝံပုလွေ လင်းရှင်းသည် စုန်းမ၏မေးခွန်းကိုကြားသောအခါ တည်တည်ငြိမ်ငြိမ်ပင် ခေါင်းယမ်းပြလိုက်သည်။

"မသေသေးဘူးလား?" မျိုးနွယ်စု စုန်းမ၏ အိုမင်းနေသောအသံမှာ တုန်ရီနေပြီး မယုံနိုင်ခြင်းများဖြင့် ပြည့်နှက်နေသည် "တကယ်ကို မသေသေးဘူးလား?"

လင်းရှင်းသည် တွန့်ဆုတ်စွာ ပြောလာသည် "လုံခြုံတဲ့အကွာအဝေးကနေ ကျွန်တော်ရှေ့ကို ဆက်မသွားရဲဘူး..... အကြီးအကဲဟောင်းနေတဲ့ဂူနဲ့ အတော်နီးနီးကိုတော့ရောက်ခဲ့တယ် ၊ ဒါပေမယ့် ကျွန်တော်သားရဲပုံစံပြောင်းပြီး သူ့ဂူအနီးအနားကို သေသေချာချာအနံ့ခံကြည့်ခဲ့ပါတယ် ၊ ယွမ်ချိုးချိုးလို့ခေါ်တဲ့ လူသားရဲ့သွေးနံ့ကို တကယ်မရခဲ့ဘူး ၊ အဲ့လူသားက အသက်ရှင်မနေသင့်တော့ဘူး...." 

သူ၏စကားများကို ကြားသောအခါ မျိုးနွယ်စု စုန်းမသည် အနည်းငယ်အော်ဟစ်လိုက်ပြီး သံကသံမဏိဖြစ်မလာသည်ကို မုန်းတီးနေသည်(မျှော်လင့်သလိုဖြစ်မလာခြင်းကိုဆိုလိုသည်) "နင်ဘာလို့ ဒီလောက်တောင် တွန့်ဆုတ်နေရတာလဲ? အရင်တုန်းကလည်း နင် ရွမ်းကျောင်ကို တအားကြောက်တယ် ၊ ဒါပေမယ့် အခု သူက မျက်လုံးကန်းနေပြီး သေတောင်သေတော့မယ် ၊ နင်က သူ့ဂူနားတောင် မကပ်ရဲသေးဘူး ၊ ငါ့နှယ် အတော်ကို စိတ်တိုစရာကောင်းလိုက်တာ"

လင်းရှင်းသည် အနည်းငယ်ကြောက်ရွံ့စွာ ပြောလိုက်သည် "သူက မသန်မစွမ်းဖြစ်နေပေမယ့် အရင်က ပဉ္စမအဆင့်သားရဲတစ်ကောင် ဖြစ်ခဲ့တာပဲလေ ၊ ဒီလိုရုတ်ရုတ်အခြေအနေမျိုးမှာ ကျွန်တော်ကြောက်တယ်....."

"နင်ဘာလို့ ဒီလိုဖြစ်နေရတာလဲ? နင့်တွဲဖက်လောက်တောင် နင့်မှာသတ္တိမရှိဘူး ပဉ္စမမြောက်သားရဲတစ်ကောင် ဖြစ်တော့ရော ဘာဖြစ်သေးလဲ?" မျိုးနွယ်စု စုန်းမသည် အိုးမင်းနေသော်လည်း သူမ ဝံပုလွေအား ဆူပူကြိမ်းမောင်းနေသည့် အချိန်တွင် စိတ်ဓာတ်ပြည့်ဝနေဆဲဖြစ်သည်။

သူမ၏ ကြိမ်းမောင်းမှုကြောင့် လင်းရှင်းမှာ ခေါင်းပင် မမော့နိုင်ပေ။ 

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now