Chapter-88 အဆင့်တက်ခြင်း

582 87 4
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

Title - အဆင့်တက်ခြင်း

သူမ၏နဖူးထက်တွင် ချွေးအလွှာပါးတစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည့်အချိန်တွင် ယွမ်ချိုးချိုးသည် စောစောတုန်းက ပေါ့ပါးလှသည့်အနမ်းအကြောင်းအား တွေးနေခြင်းဖြစ်သည်။

သူမ၏ခန္ဓာကိုယ်ထဲရှိ ထိုးထွက်လာနေသော ဝိညာဉ်စွမ်းအင်များသည် အခြားအရာများအား စဉ်းစားနေခြင်းမှ သူမအား အလျင်အမြန်ပင် ဆွဲထုတ်သွားလေ၏။ သူမ တစ်ကိုယ်လုံးတုန်ရီနေပြီး ရှက်စရာကောင်းသည့် အသံတစ်စုံတစ်ရာမပြုလုပ်မိစေရန် နှုတ်ခမ်းကိုတင်းတင်းကိုက်ထားကာ အကောင်းဆုံးကြိုးစားနေရ၏။

သူမသည် သူမ၏အင်အားအလုံးစုံကို ရွမ်းကျောင်နှင့်ကျင့်ကြံခြင်းတွင် စိုက်ထည့်ထားရသည်။ ယွမ်ချိုးချိုး၏ခန္ဓာကိုယ်အား အလျင်အမြန်လွှမ်းခြုံသွားသည့် နာကျင်မှုနှင့်တွဲဖက်လျက် သူမ၏မရီဒန်များသည် အကန့်အသတ်သို့ရောက်ရှိသွားကာ တဖြည်းဖြည်းနှင့် ပြန့်ကားလာ၏။

ကံကောင်းစွာဖြင့် ဤနာကျင်မှုများသည် အလွန်ဆိုးဆိုးဝါးဝါးကြီးတော့ မဟုတ်ပေ။

ထိုကို့ရို့ကားယားနိုင်သည့် ခံစားချက်များနှင့်ယှဉ်လျှင် နာကျင်မှုသည် သူမအတွက် ပို၍လက်ခံနိုင်ဖွယ်ပါပင်။

မစ္စတာဝံပုလွေသည်လည်း အလွန်အဆင်ပြေနေရှာသည်မဟုတ်။ သူ၏ခန္ဓာကိုယ်သည် ယွမ်ချိုးချိုးနှင့်ဆက်သွယ်ထားပြီး ပို၍ပို၍ ပူလောင်လာလေ၏။ မှေးကျဉ်းကျဉ်း ကြက်သွေးရောင် မျက်ဝန်းတစ်စုံသည်ပင် တဖြည်းဖြည်းနှင့် ပူလာခဲ့၏။

သူ သူ၏ချွေးထွက်နေသော လက်ဖဝါးအားမြှောက်ကာ ချွေးများ မျက်ရည်များဖြင့် စိုရွှဲနေပြီဖြစ်သည့် ပတ်တီးအား ဆွဲဖြဲပစ်လိုက်၏။

နူးညံ့နွေးထွေးသည့် အလင်းရောင်တစ်ခုနှင့် ဂူ၏အပြင်ဘက်တွင် လေအေးတို့သည် နှင်းမုန်တိုင်းကြောင့် တိုက်ခတ်လာကြသည်။ တောင်စောင်းတစ်လျှောက်နှင့် အဖုအထစ်များသောကျောက်တုံးများမှာ ငွေဖြူရောင်နှင်းကုတ်အပါးတစ်ထည်ဖြင့် လွှမ်းခြုံခံထားရ၏။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now