Chapter-24

3.2K 499 20
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်

Title - မီးလျှံဝံပုလွေမျိုးနွယ်စု

ယွမ်ချိုးချိုး အိမ်ထဲရှိပစ္စည်းများအား ဂရုတစိုက်စစ်ဆေးလိုက်ပြီး ကျောက်မီးဖိုထဲရှိထင်းသည် လုံလောက်သည်ဟု ဆုံးဖြတ်လိုက်သည်။ ချက်ပြုတ်ပြီးသားနုပ်နုပ်စဉ်းထားသောအသားနှင့် ကုသနိုင်စွမ်းရှိသည့်ရေစက်များထည့်ထားသော သစ်သားခွက်ကလေးသုံးခွက်ကိုလည်း အိပ်ယာနဘေးတွင် ထားပေးထားလိုက်သည်။

သူမ ကျောက်ကုတင်ပေါ်တွင် လဲလျောင်းနေသည့် ဖျော့တော့နေသောဝံပုလွေအား နောက်ဆုံးတစ်ချက်ကြည့်လိုက်သည်။ အချိန်ထပ်မဖြုန်းတော့ဘဲ သူမ၏လက်ထဲသို့ ‌လှံတံကိုကောက်ယူလိုက်ပြီး ဂူထဲမှ ထွက်ခွာသွားတော့လေသည်။

အပြင်ဘက်ကောင်းကင်သည် တဖြည်းဖြည်းထွန်းလင်းလာ၏။ ယမန်နေ့ညက လေသည် အပြင်ဘက်တွင် တဟီးဟီးမြည်ဟီးတိုက်ခတ်နေခဲ့သော်လည်း မနက်‌ရောက်သောအခါတွင်မူ အပြင်ဘက်တွင်နှင်းများ သိပ်မများတော့ပေ။

အလင်းနှင့်နှင်းချပ်လေးများကား တဖြည်းဖြည်းချင်း ကျဆင်းလာကြသည်။ မြင်ကွင်းအားပိတ်ဆို့ထားဆဲဖြစ်သော်လည်း ဘာမျှမမြင်ရသည့် အခြေအနေထက်တော့ ပိုကောင်းလေ၏။

ယွမ်ချိုးချိုး စိတ်သက်သာရာရသွားပြီးနောက် သိုလှောင်ခန်းထဲမှ ထောင်ချောက်တစ်ခုနှင့် အသား‌ခြောက်အနည်းငယ်ကိုယူကာ ဂူပြင်သို့ခြေလှမ်းခဲ့တော့သည်။

သူမ၏ယခင်အတွေ့အကြုံများအရ နောက်ဆုံးအကြိမ် သူမ မစ္စတာဝံပုလွေဆိုးကြီးအား သွားရှာခဲ့သည့်အချိန်က ဂူ၏မြောက်ဘက်သည် သစ်တောဖြစ်လေသည်။ နာရီဝက်လောက်လမ်း‌လျှောက်ပြီးနောက် အနားတစ်ဝိုက်တွင် မြစ်ငယ်တစ်ခုရှိသည်။ လမ်းအများစုသည် ကြီးမားလှသော ရှေးထင်ရှူးပင်ကြီးများဖြင့် ဖုံးအုပ်ခံထားရသည်။

ယနေ့အတွက် သူမ၏အစီအစဉ်မှာ မြောက်အရပ်သို့ ငါးမိနစ် ခြောက်မိနစ်ခန့်လမ်းလျှောက်သွားပြီး သူမတို့၏ဂူနှင့်အနီးဆုံးဖြစ်သော ဆယ့်နှစ်ရာသီစိမ်းလန်းသည့် သစ်ပင်ကြီးများအောက်တွင် ထောင်ချောက်တစ်ခု တူးမည်။ ထို့နောက် သစ်ပင်ကြီးများတစ်ဝိုက်တွင် သူမ ဆေးပင်တချို့တလေများရနိုင်မလားဟု ရှာဖွေကြည့်မည်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now