Chapter-4 သူမထိတ်လန့်တကြားအော်လို့ကတော့ သူ သူမကိုသတ်ပစ်မည်

4.7K 699 29
                                    

Clickဖို့မမေ့ကြပါနဲ့❤️

Title - သူမထိတ်လန့်တကြား အော်လို့ကတော့ သူ သူမကိုသတ်ပစ်မည်

နှင်းများမှာ သွေးများဖြင့်ညစ်ပတ်နေသည်။ လေအေးများထဲတွင်လည်း သွေးနံ့တို့နှင့်ပြည့်နေကာ ခပ်စူးစူးဖြစ်နေလေသည်။

ယွမ်ချိုးချိုး သူမလက်ထဲရှိ တိရစ္ဆာန်သားရေအိတ်အား ဆုပ်ကိုင်လိုက်သည်။ သူမခေါင်းအား စိတ်လှုပ်ရှားစွာ မော့လိုက်ပြီး ဂူဝတွင်ရုတ်တရတ်ပေါ်လာသော ဝံပုလွေသားရဲအား ကြည့်လိုက်လေသည်။

ဝံပုလွေသားရဲသည် သွေးများနှင့် ဖုံးလွမ်းနေသည်။

သူသည်အလွန်ကြီးမားကာ အနည်းငယ်ယိုင်တိယိုင်တိုင်ဖြစ်နေလေသည်။ သုံးမီးတာနီးပါမြင့်မားကာ ဂူအဝင်‌ပေါက်ငယ်အား တင်းကြပ်စွာ ပိတ်ဆို့ထားသည်။ သူ၏ကြီးမားလှသော ခန္ဓာကိုယ်အားမြင်နိုင်ရန် သူမလည်ပင်းအား အတော်အလုပ်ပေးလိုက်ရလေသည်။

သူ၏ခန္ဓာကိုယ်သည် အမာရွတ်များနှင့်ဖြစ်လေသည်။

နောက်ကျောမှစ၍ သူ့တွင် ကြီးကြီးသေးသေး ဒဏ်ရာများရှိသည်။ ဒဏ်ရာတချို့မှာ ကျက်နေပြီဖြစ်သော်လည်း အချို့မှာ သွေးတစ်စက်စက်ကျနေကာ ယခုမှအသစ်ဖြစ်ထားဟန်တူလေသည်။

သွေးကွက်များမှာလည်း မသန့်ရှင်းနိုင်သောကြောင့် သားမွှေးများမှာ စုကပ်နေလေသည်။ ကပ်စေးနေကာ အနည်းငယ်ပင် အနက်ရောင်သမ်းနေလေသည်။

ကြီးမားလှသောဝံပုလွေကြီး၏ ရှေ့ခြေဖဝါးနှစ်ဖက်မှာ နှင်းထဲတွင် နစ်မြုပ်နေသည်။ နောက်ပြီး နောက်ဖက်ဘယ်ခြေထောက်မှာလည်း အဆစ်များအောက်ရှိ အရိုးများသာကျန်တော့သည်။ပြည်များလည်းရှိနေပြီး သွေးများမှာ တစ်စက်စက်ကျနေလေသည်။

ယွမ်ချိုးချိုး သူမနှုတ်ခမ်းအား တင်းတင်းစေ့လိုက်ပြီး သူမနှင့်ငါးမီတာပင်မဝေးသည့်‌ နေရာတွင်ရှိနေသော ကြီးမားလှသည့်ဝံပုလွေကြီးအား ကြည့်လိုက်သည်။ သူသည်မာန်ဖီနေ‌ကာ သူ၏သွားများက သူမအား ခပ်တိုးတိုး သတိပေး ဟိန်းဟောက်နေသည်။

တောထဲတွင် ယခုလေးတင် ကြားလိုက်ရသော အသံနှင့်ဆင်တူသည့် ဤခပ်တိုးတိုး ဟိန်းဟောက်သံအား ကြားလိုက်ရသောအခါ ၊ သူ၏ဘယ်ဘက်နဖူးမှ ညာဘက်မျက်ခွံအောက်ထိ ကြီးမားလှသည့်ဒဏ်ရာကြီးရှိနေသည့် ထိုဝံပုလွေကြီးမှာ သူမခင်ပွန်းဖြစ်ကြောင်း ယွမ်ချိုးချိုး ချက်ချင်းပင် သေချာသွားလေသည်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now