Chapter-53 ညဘက်တွင်ခိုးယူနေသည့်ဝံပုလွေတစ်‌ကောင်

2.5K 379 18
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်❤️

Title - ညဘက်တွင်ခိုးယူနေသည့် ဝံပုလွေတစ်ကောင်

ယွမ်ချိုးချိုး : "......." ဝံပုလွေသည် အလွန်လေးနက်နေပြီး ဘာကိုမှနားလည်သည့်ပုံမရ။ သူမ ဝံပုလွေသားမွေးအကြောင်း စဉ်းစားနေပုံလောက်ပင် ရှုပ်ယှက်မနေ။

သို့သော် ယနေ့တွင် သူမသည် တစ်နေ့လုံးနီးပါး ပြေးလွှားနေခဲ့ရပြီး ယွမ်ချိုးချိုးသည် မောပန်းနေပြီဖြစ်သည်။

သူမ နှစ်စက္ကန့်လောက် ရှုပ်ထွေးနေခဲ့ပြီးနောက် အိပ်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

မီးရောင်ဖျော့ဖျော့အောက်ရှိ တောက်ပနေသည့် အနီရောင်ဝတ်ရုံရှည်ဖြင့် ဝံပုလွေအလှလေးအားကြည့်ရင်း ယနေ့ညသည် သူမတို့၏မင်္ဂလာည(wedding night)ဖြစ်သလိုလို အထင်မှားမှုမျိုးအား ထုတ်လွှတ်နေလေတော့သည်။

မစ္စတာဝံပုလွေဆိုးကြီး အရင်အကြိမ်ကပြန်ယူလာခဲ့သော ထင်းများ၏အရည်အသွေးမှာ အလွန်ကိုကောင်းမွန်သောကြောင့် ဖြစ်လိမ့်မည်။ တိရစ္ဆာန်အရေခွံ စောင်အပါးလေးကို လွှမ်းခြုံထားသည့် ကုတင်ပေါ်တွင် လဲလျောင်းနေသော ယွမ်ချိုးချိုးမှာ အနည်းငယ်ပူလာသလိုလို ခံစားနေရ၏။

သူမ,လှဲချလိုက်ပြီးနောက် ခပ်သဲ့သဲ့လှုပ်ရှားသွားမှုနှင့် လေညင်းတစ်ခုက သူမနဘေးမှ ထွက်ပေါ်လာ၏။ အကွာအဝေးခြားထားသော်ငြား မစ္စတာမီးခိုးဖျော့ရောင်ဝံပုလွေကြီး Slowpoke၏ လက်ရှိအာရုံငါးပါးတို့မှာ အတော်လေးကိုအားကောင်းဆဲပါပင်။

ဂူသည် တစ်ခဏတိတ်ဆိတ်နေ၏။ ယွမ်ချိုးချိုးသည် နာကျင်ကိုက်ခဲနေပြီး ဝံပုလွေအိပ်မောကျသွားမည့် အချိန်အားစောင့်ရင်း မျက်လုံးတို့ကို ပိတ်ထား၏။

သို့သော်ငြားလည်း အမျိုးသမီးလေး အိပ်မောကျမည့်အချိန်အား စောင့်ရန်စီစဉ်ထားသည့် ဝံပုလွေမှာလည်း မျက်လုံးတို့ကို ခပ်ဖွဖွပိတ်ထားရင်း ယွမ်ချိုးချိုး၏အသက်ရှူသံကို ငြိမ်သက်စွာ နားထောင်နေ၏။

လူသားတစ်ယောက်နှင့် ဝံပုလွေတစ်ကောင်တို့သည် တစ်ဦးအိပ်ပျော်မည့်အချိန်ကို တစ်ဦးကစောင့်ဆိုင်းနေလေတော့၏။ အချိန်မည်မျှကုန်ဆုံးသွားသည်မသိ ဆယ်မိနစ် နာရီဝက် သို့မဟုတ် အချိန်အကြာကြီးလည်း ဖြစ်နိုင်၏။ ယွမ်ချိုးချိုး ရှုပ်ထွေးနေသလိုခံစားနေရပြီး တိတ်တိတ်ကလေးရွေ့လျားကာ ဝံပုလွေ၏အမြီးရှိရာဆီသို့ လက်ကိုဆန့်တန်းလိုက်လေ၏။ 

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now