Chapter-19 သူကဘယ်လိုတောင်မိုက်မဲလိုက်တဲ့အရန်အစားအစာမျိုးလဲ

3.2K 475 13
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်

Title - သူကဘယ်လိုတောင်မိုက်မဲလိုက်တဲ့ အရန်အစားအစာမျိုးလဲ

ရွမ်းကျောင်မှာ ထိုဟာများအား ဂရုစိုက်နေရန် အချိန်မရှိပါပေ။ သူ နောက်ထပ်သစ်ပင်အကြီးကြီးဆိီသို့ ရောက်သွားချိန်တွင် သူ၏နတ်ဆိုးအသိစိတ်ကုန်ဆုံးသွားလေပြီဆိုသည်ကိုသာ သူသိလိုက်တော့သည်။

ကမ္ဘာကြီးသည် အမှောင်အတိဝန်းရံသွား၏။ မစ္စတာဝံပုလွေဆိုးကြီးသည် များပြားလှသော အနက်ရောင်အစက်အပြောက်အဖုလုံးများ သူ၏မျက်နှာပေါ်သို့ တဖြည်းဖြည်းချင်း ကူးလူးလာသည်ကိုပင် မသိတော့ပါချေ။

လုံးဝမေ့မြောမသွားခင်တွင် မစ္စတာဝံပုလွေဆိုးကြီးသည် နတ်ဆိုးအူတိုင်နှင့် တောက်ပနေသောအနီရောင်ကတ္တီပါလေးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး သစ်ကိုင်းအကြီးကြီးတစ်ခုအောက်တွင် ဖြည်းညင်းစွာ ထိုင်ချလိုက်သည်။

သူအချိန်အတော်ကြာ မောဟိုက်နေခဲ့ပြီး အေးခဲတော့မည့် သူ၏ကြီးမားနူးညံ့သော အမြီးအား ယမ်းလိုက်သည်။ နှင်းချပ်များက သူ၏ပတ်ပတ်လည်တွင် ကျဆင်းနေသည်။

သူ၏ပုံသဏ္ဌာန်ကို ပြောင်းလဲလိုက်ပြီး သူ၏မျက်နှာတွင် မျှော်လင့်စောင့်စားနေသည့် အကြည့်တစ်ခုရှိနေသည်။

ယွမ်ချိုးချိုးများ သူ့ဆီသို့ရောက်လာလေမလားဟု မျှော်လင့်နေခြင်း။

သို့သော် အစောတုန်းက သူမအား နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသည့် မန္တာန်အတွင်း ကျရောက်သွားစေရန် မှော်အစွမ်းအား အသုံးပြုထားသည်ကို သူ,သိသည်။ ယခုမူ သူမအား သူ့ဆီရောက်လာရန် မျှော်လင့်နေသေးသည်။ သူသည် ဘယ်လောက်တောင် မိုက်မဲလိုက်သည့် အရန်အစားအစာပါနည်း။

ဤကဲ့သို့အန္တရာယ်များလှသော တောအုပ်ထဲတွင် သူမ သူ့ဆီသို့ရောက်လာလိမ့်မည်ဟု သူက အိပ်မက်မက်နေသည်လား?

အထီးကျန်ဆန်ကာ အေးခဲလှသော ဆောင်းညတွင် မစ္စတာဝံပုလွေဆိုးကြီးသည် တစ်ခဏလောက် ရယ်မောမိသွားလေသည်။

သူမ သူ့အားရှာတွေ့သည့်အချိန်တွင် အလောင်းပုံကြီးတစ်ခုမျှသာ ဖြစ်မနေဖို့တော့ သူမျှော်လင့်မိပါသည်။
(သူလက်ထဲဆုပ်ထားတဲ့ ပစ္စည်းလေးတွေကို ယွမ်ချိုးချိုးကို ရသွားစေချင်တာ🥺)

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now