Chapter-69 ဝံပုလွေ၏တိုးတက်မှု

1.8K 249 15
                                    

Clickဖို့မမေ့ကြပါနဲ့နော်🌻

Title - ဝံပုလွေ၏တိုးတက်မှု

ယွမ်ချိုးချိုး မျက်လုံးတို့ကို မှေးစင်းရင်း အိမ်ကဝံပုလွေကိုလည်း နေရောင်အောက်တွင် နေပူစာလှုံခိုင်းသင့်သည်ဟု တွေးတောရင်း နေရောင်ခြည်အောက်တွင် တစ်ခဏလောက် နေပူစာလှုံနေလိုက်၏။

သူမ၏မျက်လုံးတို့တွင် နွေးထွေးမှုအရိပ်အယောင်တစ်ခု တောက်ပသွားပြီး သူမတို့ ပထမဆုံးတွေ့ဆုံကြသည့်အချိန်ကို ခပ်ရေးရေးအမှတ်ရနေမိ၏။

ရွမ်းကျောင်သည် ဝံပုလွေသေးသေးလေးတစ်ကောင်အဖြစ် ပြောင်းလဲထားပြီး အပြင်ဘက်က မြေပြင်ပေါ်တွင် နှင်းတို့ကို ကိုက်ဝါးနေခဲ့သည်။

အမှန်မှာ ထိုအချိန်တုန်းက မစ္စတာဝံပုလွေဆိုးကြီးတွင် သိုလှောင်ခန်းထဲ၌ သစ်သားစည်ပိုင်းများနှင့် အခြားပစ္စည်းများ ရှိနေပြီးဖြစ်သည်။

မှတ်ဉာဏ်ကမ္ဘာထဲတွင် မစ္စတာဝံပုလွေအသေးလေး၏ သန့်ရှင်းမှုကို ချစ်မြတ်နိုးသည့် အကျင့်စရိုက်အရ သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည့်အချိန်တွင်တောင် ရွမ်းကျောင်သည် သူ့ကိုယ်သူ သန့်သန့်ရှင်းရှင်း ဖြစ်စေချင်ဆဲပင်။

သို့သော် သူမ,ရောက်မလာခင်တွင် ဝံပုလွေသည် လက်လျှော့လိုက်ပြီးဖြစ်မည်ကို သူမ,ကြောက်မိသည်။

သူ ငယ်ရွယ်သည့် အချိန်မှစ၍ မစ္စတာဝံပုလွေဆိုးကြီးသည် နေထိုင်ရန်နေရာတစ်ခုကို ရှာဖွေခဲ့ရပြီးနောက် စွန့်ပစ်ခံလိုက်ရသည့်ဖြစ်စဉ်မှာ ထပ်ခါတလဲလဲ ဖြစ်ပျက်နေခဲ့၏။ လူတိုင်းသည် သူ့အား ဖောက်လွဲဖောက်ပြန်ဖြစ်နေသည့် မကောင်းဆိုးဝါးတစ်ကောင်အဖြစ် သတ်မှတ်ထားကြ၏။ သူ၏အားကောင်းလှသည့် အသက်ရှင်နိုင်စွမ်းနှင့်ဆိုလျှင်တောင် သူသည်လည်း တဖြည်းဖြည်းနှင့် ခြေကုန်လက်ပမ်းကျလာမည်သာ။

သို့သော် ယခုအချိန်တွင် ထိုနေ့ရက်တို့မှာ ကုန်ဆုံးသွားလေပြီ။

ယွမ်ချိုးချိုး လေအေးတို့တိုက်ခတ်နေသည့် ပါးပြင်အားထိလိုက်ပြီး မျက်လုံးလေးများကို ကွေးညွှတ်လိုက်၏။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now