Chapter-9 မစ္စတာဝံပုလွေဆိုးကြီးသည် သူအေးခဲကာသေသွားတော့မည်ဟုထင်ခဲ့သည်

4.3K 658 10
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်

Title - မစ္စတာဝံပုလွေဆိုးကြီးသည် သူအေးခဲကာ သေသွားတော့မည်ဟုထင်ခဲ့သည်

ယွမ်ချိုးချိုးသည် နှင်းများအပြည့်ဖြည်ထားသည့် သစ်သားစည်အား ဂူထဲသို့သယ်လာပြီး အိပ်ခန်းထဲသို့ဝင်လာလိုက်ကာ အောက်သို့ချလိုက်သည်။ ထို့နောက် သစ်သားစည်ထဲမှ နှင်းများအား ‌ပူနေသောကျောက်အိုးထဲသို့ လောင်းထည့်လိုက်သည်။

ယွမ်ချိုးချိုးသည် သစ်သားဇွန်းတစ်ချောင်းအား ယူလိုက်ပြီး နှင်းအိုးအားမွှေလိုက်သည်။ ထို့နောက်ထိုင်ချလိုက်ပြီး သူမ၏နီရဲရောင်ယမ်းနေသော လက်ဖဝါးများကို ကျောက်မီးဖိုရှေ့တွင် ထားလိုက်သည်။

သူမအားအတော်ပျော်ရွှင်စေသောအရာမှာ မစ္စတာဝံပုလွေဆိုးကြီး၏ သိုလှောင်ခန်းအတွင်းရှိ ထင်းများပင်ဖြစ်သည်။ သာမန်ဟုထင်ရသော်လည်း တကယ်တမ်းတွင်တော့ မရိုးရှင်းပေ။ ထိုဟာသည် သာမန်သစ်သားဟုထင်ရသော်လည်း အချိန်အတော်အကြာပင် လောင်ကျွမ်းနိုင်သည်။ အပူရှိန်လည်းအရမ်းများပြီး မီးခိုးလည်းသိပ်မထွက်ပေ။

ထို့ကြောင့် ၅ရက်သာခံလိမ့်မည်ဟု သူမထင်ခဲ့သော ထင်းများမှာ ၁၀ရက်လောက်ထိပင် အသုံးပြုနိုင်လိမ့်မည်ဖြစ်သည်။

ဤဆိုးဝါးလှသော ရာသီဥတုအတွင်း နှင်းများအလွန်ရုတ်တရတ်ဆန်စွာ ကျဆင်းနေသောနေရာတွင် ဤထူးခြားသည့်ထင်းများက သူမတို့၏အသက်အား ကယ်တင်နိုင်ပေလိမ့်မည်။

ဤထင်းများ၏ထူးခြားချက်ကြောင့် ရေပူအိုးဆူပြီးနောက်တွင် ယွမ်ချိုးချိုးသည် ကျောက်တုံးမီးဖို၏တည်နေရာကို သိုလှောင်ခန်းမှ အိပ်ခန်းထဲသို့ ပြောင်းရွှေ့လိုက်သည်။

အိပ်ခန်းသည်ထောင့်စွန်းတွင်ရှိပြီး လေဒဏ်မှ အတော်အတန်ကာပေးနိုင်သည်။ အနည်းဆုံးတော့ လေအေးများတိုက်ခံရတော့မည် မဟုတ်ပါပေ။

အမှန်တကယ်တော့ ယွမ်ချိုးချိုးသည် သူမဝတ်ထားသောတိရစ္ဆာန်အရေခွံကုတ်အား ချွတ်ပစ်ပြီး လေကာရန်မြင့်မားသော ဂူနံရံ၏အစွန်းနှင့်ချိတ်ဆက်ပြီး ရိုးရိုးရှင်းရှင်း လိုက်ကာတစ်ခုအဖြစ် ပြောင်းချင်ခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင် သူမသည် မစ္စတာဝံပုလွေ၏ဒဏ်ရာများအား ကုသရန်အာရုံစိုက်နေရသည်။ နောက်မှလုပ်လျှင်လည်း နောက်မကျသေးပေ။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now