Chapter-52 ဝံပုလွေ၏ဖြားယောင်း‌သွေးဆောင်မှု

2.6K 413 15
                                    

Title - ဝံပုလွေ၏ဖြားယောင်းသွေးဆောင်မှု

အခြားမကောင်းဆိုးဝါးများ တံခါးသို့ ရောက်လာပြီး "နူးညံ့လှသည့်" မစ္စတာSlowpokeအား အန္တရာယ်ပေးမည်ကို စိုးရိမ်မိနေသောကြောင့် မည်သည့်မူမမှန်မှုမှမရှိ မည်သည့်သွေးနံ့ခပ်ပြင်းပြင်းမှမရှိသည့် ဂူသို့ ပြန်ရောက်လာပြီးနောက်တွင်တောင် ယွမ်ချိုးချိုး စိတ်မအေးနိုင်သေးပေ။

အပြင်းအထန်ပြေးလွှားခဲ့ပြီးနောက် သူမ၏ဒူးခေါင်းများမှာ အနည်းငယ်ပင်ပူနေပြီဖြစ်ပြီး အိပ်ခန်းထဲရှိ ဝံပုလွေထံမှလည်း မည်သည့်တုံ့ပြန်မှုကိုမျှ မကြားရ။ ယွမ်ချိုးချိုးမှာ ဝံပုလွေ၏ ကိုယ်ရေးကိုယ်တာ သီးသန့်အတွက်လိုအပ်နိုင်ခြေကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ထူထဲသောတိရစ္ဆာန်အရေခွံခန်းဆီးကို အလျင်အမြန်ဆွဲဖွင့်ပစ်လိုက်တော့၏။ 

"ယောက်ျား အဆင်..."

'အဆင်ပြေ'ဟူသည့်စကား မပြီးလိုက်ခင်မှာပင် ယွမ်ချိုးချိုးမှာ သူ၏ပုံစံကြောင့် အံ့ဩသွားရှာရတော့လေ၏။

ရွမ်းကျောင်သည် အေးစက်နေသည့် ကျောက်နံရံအား အသာအယာမှီထားပြီး ခေါင်းအုံးဖြစ်အောင် အပုံလိုက်ကလေးလုပ်ထားသည့် တိရစ္ဆာန်အရေခွံစကို ခုထား၏။ သူ၏ လှပသောညှပ်ရိုးနှင့် လှစ်ဟပြထားသည့် ကြွက်သားအမြောင်းများမှာ တစ်ဝက်ပွင့်ဟနေသည့် အနီတောက်တောက်ဝတ်ရုံရှည်မှ မခို့တရို့ထွက်ပေါ်နေ၏။ 

သူ၏ပါးပြင်များတွင်ကား ကြည်လင်လှသည့်အနီရောင်က စွန်းထင်းနေလျက် သူ၏အနည်းငယ် ခြောက်သွေ့နေသည့် နှုတ်ခမ်းပါးလေးများမှာ ရှက်ရွံ့စွာ စေ့ပိတ်ထားကြ၏။ အမွှေးပွပွ နားရွက်ချွန်ချွန်လေးနှစ်ဖက်ကား သူ၏နက်မှောင်ရှည်လျားသည့် ဆံပင်များအကြား ငုံ့ဝင်နေလျက် နားရွက်နှစ်ဖက်ကတစ်ဖက်တွင် အနည်းငယ်သောအမွှေးလေးများက ပြန်မပေါက်သေးပေ။ ကျိုးတိုးကျဲတဲနှင့် သနားစရာကောင်းစွာ အသစ်ပြန်ပေါက်ထားသည့် ငွေရောင်-အနက်ရောင် သားမွေးလေးအချို့သာရှိသည်။

သို့သော်ငြား ဝံပုလွေသည် မောက်မာကာ ထူးမခြားနားပုံစံဖြင့် တသီးတစ်သန့်ဖြစ်နေပုံရ၏။ သူ၏အမြင်ကွယ်နေမှုကြောင့် မျက်လုံးများသည် ဦးတည်ရာမဲ့လျက် မျက်ခုံးတန်းများသည် အေးစက်မှု လျစ်လျူရှုမှုတို့ပြည့်လျက် ထူးမခြားနားဖြင့် သနားဖွယ်ဖြစ်နေ၏။ တစ်ခဏလောက် ယွမ်ချိုးချိုးမှာ သူမ,ထွက်သွားသည့်အချိန်တွင် ဝံပုလွေသည် ရှက်စရာကောင်းသည့် တစ်စုံတစ်ခုအား တိတ်တိတ်ကလေး လုပ်များနေခဲ့သလားဟု မသေချာမရေရာဖြစ်သွားရလေ၏။ 

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now