Chapter-70 ကတိသစ္စာချုပ်ဆိုချက်နှင့်မစ္စတာရှာလကာဝုဖ်

1.5K 254 19
                                    

Clickဖို့ မမေ့ကြပါနဲ့ရှင့်❣️🌻

Title - ကတိသစ္စာချုပ်ဆိုချက်နှင့် မစ္စတာရှာလကာဝုဖ်

မျက်လုံးများထဲတွင်ပါ အပြုံးတို့နှင့် ဘွားဘွားရူရီအား မြင်ရသောအခါ သူမ ဆောင်းဝက်ဝံမျိုးနွယ်စု၏ အနောက်ဘက်တွင် ရတနာတစ်ခု ရှာတွေ့ခဲ့ခြင်း ဖြစ်လောက်မည်။ ယွမ်ချိုးချိုး ခန်းမှန်းပြောလိုက်သည် "ဝိညာဉ်ကျောက်တုံးကြောများ တွေ့ခဲ့လို့လား?"
(ရွှေကြော ရေနံကြောတို့လိုမျိုး ဝိညာဉ်‌ကျောက်တုံးကြောပါ)

ချင်းရူရီ မထိန်းနိုင်စွာ ပိုပြုံးသွားတော့လေသည် "ဒီကလေးကတော့ လှချင်နေတယ်"
(လှချင်နေတယ် = စိတ်ကူးယဉ်နေတယ်)

ယွမ်ချိုးချိုး : "..........."

ချင်းရူရီ သူမအား မစနောက်တော့ဘဲ ပြောလာသည် "ဝိညာဉ်ကျောက်တုံးကြော မဟုတ်ဘူး ဒါပေမယ့် မင်းရဲ့ကျင့်ကြံနှုန်းကို ပိုမြန်စေမယ့် အပြင်ဘက်ပတ်ဝန်းကျင်ထက် အဆပေါင်းများစွာ ပိုကြွယ်ဝတဲ့ မှော်အစီအရင်အတွင်းထဲက စွမ်းအင်တွေဘဲ ၊  မင်းတို့ဘိုးဘိုးမို ပိုငယ်သွားတာကို မင်းလည်းမြင်တာပဲလေ ၊ အဲ့ဒါမှော်အစီအရင်ရဲ့ ကဏ္ဍတစ်ချို့ပါတယ်"

ဘွားဘွားရူရီ၏ စကားလုံးများကို ကြားပြီးနောက် ယွမ်ချိုးချိုး သိမ်းငှက်ကြီး၏ရှေ့တွင် ရပ်နေသည့် မိုဘူကွေ့ကို ကြည့်လိုက်သည်။ 

သူ၏မျက်နှာပေါ်ရှိ အရေးကြောင်းအတွန့်များသည် အမှန်ပင် အနည်းငယ်လျော့နည်းသွားပြီဖြစ်သည်။ သူ၏မျက်လုံးများသည် အရင်ကထက် ပိုမိုတောက်ပလာပုံပေါ်ပြီး သူငယ်ရွယ်စဉ်အချိန်က မည်မျှချောမောခဲ့သည်ကို ယွမ်ချိုးချိုး ခပ်ရေးရေးပင် မြင်နိုင်လေ၏။

"မှော်အစီအရင်ထဲမှာရှိတဲ့ စွမ်းအင်တွေက တစ်နေ့ကျရင် စုပ်ယူလို့ကုန်သွားမယ်ဆိုပေမယ့် မင်း အဲ့ဒီထဲကို ဝင်သွားလိုက်တာနဲ့ သိပ်မကြာခင်မှာပဲ ပိုသန်မာလာနိုင်တယ်" ချင်းရူရီသည် ယွမ်ချိုးချိုးအား ကြည့်နေပြီး သူမ၏မျက်လုံးတို့ထံတွင် အလင်းရောင်လေးအချို့ တဖျတ်ဖျတ် တောက်ပနေကြ၏။

သူမ,မပြောလျှင်တောင် သူမ,ဆိုလိုချင်သည်ကို ယွမ်ချိုးချိုး နားလည်သည်--

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now