အခန်း(၁)

9.1K 815 15
                                    

<တစ်စုံတစ်ယောက်ကဒီနေရာကိုလုယူချင်
နေတာ?>

"ကလင်န်!"

တံခွန်တိမ်တိုက်ဂိုဏ်း၏ တိုက်ခိုက်ရေး ကွင်း
ပြင်ရှိ လူအုပ်၏ အကြည့်အောက်၌ 'ချန်လန်' ဓားထံမှ မကြည်လင်သော အသံထွက်ပေါ်
လာ၏။

နောက်ဆုံးတွင် ပြိုင်ဘက်ထံမှ တိုက်ခိုက်မှုကို ဆက်လက်၍ ဆန့်ကျင်နိုင်စွမ်း မရှိတော့သည့်အလား ရှင်းလင်းစွာ နှစ်ပိုင်းကျိုးသွားခဲ့သ
ည်။

တိုက်ခိုက်ရေး ကွင်းပြင်တခုလုံး ငြိမ်သက်
သွားခဲ့ပြီး လက်ရှိတွင် ကြားနေရသည့် တစ်ခုတည်းသော အသံမှာ မြေပြင်ပေါ်သို့ ကျသွား
သော ဓားကျိုးထံမှ ကြွပ်ဆတ်ဆတ် တချွင်
ချွင် မြည်သံသာ။

ထိုစဥ်တွင် ဖျော့တော့သော အပြာရောင်အလ
င်းတန်းက တောက်ပနေဆဲဖြစ်ပြီး ဝမ်ရွှမ့်၏
ဖြူဖျော့နေသော မျက်နှာကို ရောင်ပြန်ဟပ်သွားခဲ့သည်။

အတန်ငယ်ကြာပြီးနောက် ထိုအပြာရောင်အလင်းတန်းသည် ပျောက်ကွယ်သွားတော့
၏။သို့သော် အနေအထားကတော့ အနည်း
ငယ် တောက်ပနေဆဲပင်။

ဝိဥာဥ်စွမ်းအင် လက်နက်၏ တောက်ပမှုထဲတွင် လူတစ်ဦးအသွင် ပေါ်ထွက်လာခဲ့သည်။
ဝိဥာဥ်စွမ်းအင်၏ အရှိန်အဝါ ထွန်းတောက်မှုကို ပြသနေသော ခေါက်ယပ်တောင်ကို ကိုင်ဆောင်ထားသူသည် ခေါင်းကို စောင်း၍
ပြုံးလိုက်ပြီး

"ဆရာတူအစ်ကိုက ကျွန်တော့်ကို အနိုင်ရစေခဲ့တာပဲ"

ထိုစကားသံကို ကြားပြီးနောက် တိုက်ပွဲကြည့်ရှုနေသော တပည့်များအားလုံးသည် နောက်
ဆုံး၌ ဖြစ်ပျက်ခဲ့သမျှကို တုံ့ပြန်လာကြတော့
သည်။ဆွေးနွေးသံများက ချက်ချင်းဆိုသလိုအပြင်ဘက်သို့ ပျံ့လွင့်လာခဲ့သည်။

"သူ နိုင်သွားတာလား?"

"ဆရာတူအစ်ကိုလော့က ဆရာတူအစ်ကိုဝမ်ကို နိုင်သွားတာ!?"

"ဘယ်သူထင်မှာလဲ ဆရာတူအစ်ကိုဝမ်က ဒီ
လိုမျိုး ရှုံးသွားရမယ်လို့.."

"ဘာက အံ့ကြစရာ အကောင်းဆုံးလဲ သိကြ
လား?ဆရာတူအစ်ကိုဝမ်က ဆရာတူအစ်ကိုလော့ထက် ငါးနှစ် ပိုစောပြီး အခြေခံအဆင့်
ကို တက်လှမ်းခဲ့တာ။ဘာပဲဖြစ်ဖြစ် ယွမ်စုစ
ည်းခြင်းအဆင့် သတ်မှတ်ချက်မှာတော့ သူ
က အစ်ကိုလော့ကို ငါးနှစ်လောက် နှောင့်နှေးစေခဲ့တာပဲလေ။ပင်ကိုအရည်အချင်းနဲ့ အစွ
မ်းအစတွေအကြောင်း ပြောချင်ရင်တော့ သူ
က အစ်ကိုလော့ရဲ့ ပြိုင်ဘက် မဟုတ်တော့တာ နှစ်အတော်ကြာနေပြီ။သူက အချိန်တိုင်းထိပ်တိုက် တိုက်ပွဲဝင်ရမှာကို ရှောင်နေခဲ့တာလေ။အခုတော့ အောင်နိုင်သူအစစ် ပေါ်လာ
ခဲ့ပြီပဲ"

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now