အခန်း(၇၉)(၁)

832 135 3
                                    

<ဖုံးကွယ်ထားသောအတိတ်>

ဝမ်ရွှမ်သည် ကျန်းရီကို ရိုက်နှိုးရန် လက်တစ်
ဖက် မြှောက်လိုက်သော်လည်း အတန်ကြာ စဥ်းစားပြီးနောက် လက်ပြန်ချလိုက်သည်။

အဘယ်ကြောင့်ဆိုသော် နှလုံးသားထဲတွင် နှစ်ပေါင်းများစွာ နစ်မြုပ်နေသော တစ်စုံတစ်ခုကို ပြန်အမှတ်ရသွားခြင်းကြောင့်ဖြစ်သည်။

ယင်းကား အခြားတော့မဟုတ်၊ မျှဝေစာနာခြင်းကပ်ပါးဖြစ်သည်။

ထိုအချိန်တုန်းက သူနှင့် ကျန်းရီတို့သည် မျှဝေစာနာခြင်းကပ်ပါးကို အတူတကွ ခံစားခဲ့ရသည်။ မျှဝေစာနာခြင်းကပ်ပါးကို ဖျက်ဆီးလိုလျှင် အ
ချင်းချင်း၏ နှလုံးသားထဲမှ အနက်ရှိုင်းဆုံး နေ
ရာအထိရောက်အောင် ကြိုးစားရလိမ့်သည်။ အ
ဆုံးတွင် ကျန်းရီ အောင်မြင်သွားခဲ့သည်။ ဝမ်ရွှမ်ကမူ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြိုး
စားခဲ့ပါသော်လည်း ကျန်းရီ၏ နှလုံးသားထဲမှ အနက်ရှိုင်းဆုံး နေရာသို့ မရောက်နိုင်ခဲ့ပေ။

သူသည်လည်း ကျန်းရီ၏ နှလုံးသားတွင် အမြစ်တွယ်နေသော ကပ်ပါးကို ကိုယ်ပိုင်အစွမ်းအစဖြင့် ဖယ်ထုတ်ပေးချင်သည်။ ကျန်းရီ၏ နှလုံးသားထဲမှ လျှို့ဝှက်ချက်များကိုပါ ပိုနားလည်ချင်ခဲ့သော်လည်း ကျန်းရီက သူ့ကို တားဆီးခဲ့သည်။

ယခုတွင်မူ ကျန်းရီသည် ပုံရိပ်ယောင်လောကထဲ၌ နက်နက်ရှိုင်းရှိုင်း ပိတ်မိနေခြင်းကြောင့် ဝမ်ရွှမ့်ကို တားဆီးရန် ခွန်အားများများစားစား မရှိချေ။ ဤသည်မှာ ကောင်းကင်ဘုံမှ ပေးအပ်လို
က်သော အခွင့်အရေးတစ်ခုဖြစ်သည်။

ထို့ကြောင့် ဝမ်ရွှမ်သည် လွန်ခဲ့သော နှစ်များတုန်းက မပြီးပြတ်ခဲ့သော ကိစ္စတစ်ခုကို ယနေ့တွင် ပြီးပြတ်အောင် လုပ်ဆောင်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ မည်သို့ပင်ဖြစ်စေ ကျန်းရီ သတိလွတ်နေသည့်အချိန်တွင် အခွင့်ကောင်းယူလိုက်ခြင်းက မှန်ကန်သော လုပ်ရပ်မျိုးတော့မဟုတ်ပေ။ ယခင်က ဝမ်ရွှမ်သာဆိုလျှင် အချိန်အကြာကြီး တွေဝေသွားလိမ့်မည်။ သို့သော် ယနေ့ ဝမ်
ရွှမ်သည် အတိတ်တုန်းက ဝမ်ရွှမ် မဟုတ်တော့
သည်ဖြစ်ရာ၊ နတ်မိစ္ဆာသွေးနှင့် ဆယ်နှစ်တာ ဖြတ်သန်းခဲ့ပြီးအလွန်တွင် ဝမ်ရွှမ့် အမူအကျင့်များနှင့် စိတ်ပိုင်းခံယူချက်များလည်း ပြောင်းလဲသွားချေပြီ။ တစ်စုံတစ်ဦးအပေါ် အခွင့်အရေးယူခြင်းက ကျန်းရီကိုယ်တိုင်လည်း အကြိမ်ပေါင်းများစွာ လုပ်ခဲ့ဖူးသော အရာတစ်ခုဖြစ်သည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now