<နတ်မိစ္ဆာ ဝမ်ရွှမ်>
ကွေးယွဲ့ကျွန်းပေါ်တွင် နေထိုင်သူတိုင်းသည်ဝမ်ရွှမ် ဤမျှအထိ ကြောက်လန့်နေခြင်းကို တစ်ခါမှ မမြင်ဖူး၍ ဘာလုပ်ရမှန်း မသိအောင်ကို အံ့သြသွားကြသည်။
ဝမ်ရွှမ်သည် ဘေးလူများ၏ အကြည့်ကို အာရုံမစိုက်နိုင်ဘဲ 'မဖြစ်ဘူး' 'ဝင်ခွင့်မပေးနဲ့'ဟူသော စကားများကိုသာ ထပ်ကာတလဲလဲ ပြောခဲ့သည်။ထို့နောက် အကာအကွယ်စည်း ခင်းကျင်းထားသော အလယ်ဗဟိုသို့ သွား၍ ကျွန်း၏ အကာအ
ကွယ်များကို သူကိုယ်တိုင် တိုးမြှင့်ခဲ့သည်။ဝမ်ရွှမ်သည် အပြင်ဘက်တွင် ရပ်နေသော ခရမ်းတောင်ပံမှ တပည့်များကို စိုက်ကြည့်ရင်း သူ့ဘဝတွင် ကြောက်စရာအကောင်းဆုံး ရန်သူကို ရင်ဆို
င်နေရသည့်အလား သူ့တစ်ကိုယ်လုံး အေးစက်နေသော ချွေးစေးများဖြင့် ရွှဲနစ်လာခဲ့သည်။သူ့ကို ကြည့်နေသော ခရမ်းတောင်ပံဂိုဏ်းမှ တ
ပည့်တို့၏ မျက်ဝန်းများဟာ ရယ်ချင်စိတ်ကို အောင့်ထားရသကဲ့သို့ လှောင်ရိပ်စွက်နေ၏။အ
ရှေ့ဆုံးတွင် ရပ်နေသူက နောက်တစ်ကြိမ် ထပ်ပြုံးလာခဲ့သည်။"ကျင့်ကြံသူဝမ်၊ ဒါက ဘာသဘောလဲဗျ?"
"ကျေးဇူးပြုပြီး ပြန်ကြပါ"
"ကွေးယွဲ့ကျွန်းက မင်းတို့ကို မကြိုဆိုဘူး"
ဝမ်ရွှမ့်စကားကြောင့် ကျွန်းသူ၊ကျွန်းသားများအားလုံး စိတ်ရှုပ်သွားရသည်။သမုဒ္ဒရာထဲတွင် နေထိုင်သော်လည်း 'ဂိုဏ်းကြီးများကို မဆန့်ကျင်ရ'ဟူသော သဘောထားကို နားလည်ထားကြပြီး ယခုလို ဝမ်ရွှမ့်၏ ခါးခါးသီးသီး ငြင်းဆန်မှုကို ကြားရချိန်ဝယ် နားမလည်နိုင်ခြင်းနှင့် အံ့သြခြင်းတို့ ရောယှက်သွားကုန်သည်။
ဝမ်ရွှမ်သည် သူတို့ကို ဘယ်ကစ၍ ရှင်းပြသင့်ကြောင်း မစဥ်းစားတတ်ချေ။သို့ပေမဲ့ အပြင်တွင် ရပ်နေသောတပည့်ခေါင်းဆောင်က အသံကျယ်ကျယ်ဖြင့် လှောင်ရယ်လာသည်။
"ကျင့်ကြံသူဝမ်က ကျွန်တော်တို့ ဘာအတွက်ကြောင့်နဲ့ ရောက်လာတယ်ဆိုတာကို သိနေပုံပဲ အဟက်"

YOU ARE READING
တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]
Adventure-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်နေတုန်းပဲမို့လေ - Author- Mo Xiao Xian I do not own any part of this novel. All credits go to ORIGINAL AUTHOR and ENGLISH TRANSLATOR 🙏 Pl...