အခန်း(၄၇)

1.4K 242 5
                                    

        <မမြင်နိုင်သော အတားအဆီး>

ယခင်တုန်းက ယွမ်စုစည်းခြင်းအဆင့် နယ်
နိမိတ်ထဲသို့ ဝမ်ရွှမ် တစ်ခါ ဝင်ခဲ့ဖူးသည်။နောက်ပိုင်းတွင် အဆင့် ပြန်ကျခဲ့သော်လည်း အတွေ့အကြုံကတော့ သူ့ခန္ဓာကိုယ်နှင့် စိတ်နှ
လုံးသားထဲ၌ စွဲထင်နေဆဲ။

ကျင့်ကြံခြင်းအဆင့် တစ်လှမ်း ဆုတ်၍ အ
ခြေခံတည်ထောင်ခြင်းအဆင့်သို့ ပြန်ဆင်းခဲ့သော်လည်း ကျင့်ကြံခြင်းစွမ်းအင် အများစုကိုမူ ထိန်းသိမ်းထားခဲ့သည်။ယခုအချိန်တွင် သူထိန်းသိမ်းထားသော ကျင့်ကြံခြင်း အစွမ်းများက လုံလောက်နေပြီးဖြစ်ရာ ယွမ်စုစည်းခြင်းအဆင့်သို့ နောက်တစ်ကြိမ် တက်လှမ်းရ
န် အသင့်တော်ဆုံး ဖြစ်နေခဲ့သည်။ဝမ်ရွှမ်ကို
ယ်တိုင်လည်း ဤအရာဟာ သိပ်ခက်ခဲတော့မည် မဟုတ်ဟု တွေးထင်လိုက်သည်။

(T/N: ယွမ်စုစည်းခြင်း>အခြေခံတည်ထောင်ခြင်း)

သို့ရာတွင် ဝမ်ရွှမ် ထင်ထားသလောက် မလွ
ယ်ကူခဲ့ပေ။

လက်ရှိ ကျင့်ကြံခြင်းအဆင့်တွင်သာ နာရီပေါ
င်းများစွာ ကြာနေခဲ့သည်။မျက်လုံး ပြန်ဖွင့်လို
က်ချိန်တွင် တစ်ကိုယ်လုံး ချွေးများ စိုရွှဲနေသော်လည်း ကျင့်ကြံခြင်းအဆင့်ကတော့ ပြောင်းလဲမသွားခဲ့။

လုံလုံလောက်လောက် စိတ်တည်ငြိမ်နေခြင်း မရှိသောကြောင့် တက်လှမ်း၍ မရသေးသည်ဟု ထင်မှတ်ပြီး ခဏလောက် လမ်းထလျှော
က်လိုက်၏။ထို့နောက် စိတ်တည်ငြိမ်စေသော အမွှေးနံ့သာအချို့ ထွန်းညှိပြီးမှ အသက်ရှုနှု
န်းကို ချိန်ညှိရင်း ကျင့်ကြံခြင်းအဆင့်ထဲသို့ နောက်တစ်ဖန် ပြန်ဝင်လိုက်သည်။

မည်သို့ပင်ဖြစ်စေ သူ မအောင်မြင်ခဲ့ပေ။

မျက်လုံးပြန်ဖွင့်လိုက်ရာ ညဥ့်သန်းခေါင်ယံ အချိန်ကိုပင် ရောက်နှင့်နေပြီ။ဝမ်ရွှမ်သည် မျ
က်နှာကို ကြည်လင်သွားအောင် သုတ်ပစ်လို
က်ပြီး နက်နက်ရှိုင်းရှိုင်း အသက်ရှုသွင်းလိုက်
၏။ထို့နောက် ခေါင်းမော့၍ ကောင်းကင်ယံမှ လစန္ဒာကို ပြတင်းပေါက်မှတဆင့် လှမ်းကြည့်လိုက်သည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now