အခန်း(၇၆)

1K 156 6
                                    

<ဆန်းကြယ်သော ကံကြမ္မာ>

"ရှစ်ရှုန်း.....ကျွန်တော်...."

ဝမ်ရွှမ့်ကို မြင်ရသည့်အခိုက်တွင် ကျန်းရီ ပျာ
ယာခတ်သွားခဲ့သည်။ထို့နောက် ဖြူဖျော့နေသော မျက်နှာဖြင့် အံကြိတ်ရင်း တုံ့ပြန်လာသည်။

"ရှစ်ရှုန်း ကျွန်တော်လည်း ဒီလိုမလုပ်ချင်ပါဘူး။ဒါပေမဲ့ သူက ရှစ်ရှုန်းကို မြင်သွားပြီလေ။ဘယ်
လိုလုပ်ပြီး အသက်ရှင်ရက် ထွက်သွားခွင့်ပေးရမှာလဲ?"

(အကြောင်းပြချက်ကဒါလား?)

ကျန်းရီ၏ စကားကြောင့် ဝမ်ရွှမ် ပို၍ ဒေါသတကြီး အော်ဟစ်လိုက်သည်။

(ငါ့ကို မတော်တဆ မြင်မိရုံလေးနဲ့ သေပေးရမှာလား?ဒါ ဘယ်လိုဆင်ခြေကြီးလဲ?)

"ရှစ်ရှုန်း အခု ကျွန်တော် လုပ်နေသမျှက အစ်ကို့အတွက်ချည်းပဲနော်!"

"အစ်ကို့ကို ကာကွယ်ပေးဖို့ လုပ်နေတာ!"

(လုပ်ပြန်ပြီ! ပြောပြန်ပြီ ဒီစကားကိုပဲ!)

အစ်ကို့အတွက်၊ အစ်ကိုကောင်းဖို့အတွက်။

ကုန်လွန်ခဲ့သော ရက်များအတွင်း ထိုစကားတခွန်းတည်းကို ကျန်းရီ ပြောခဲ့သည်မှာ အကြိမ်ပေါ
င်း မရေမတွက်နိုင်လောက်အောင် ရှိနေပြီဖြစ်သ
ည်။အကြိမ်တိုင်းတွင် ဝမ်ရွှမ် အလျှော့ပေးခဲ့ရသ
ည်။ထိုစကားတစ်ခွန်းဟာ ဝမ်ရွှမ်ကိုယ်တိုင် အလျှော့ပေးရလောက်သည်အထိ အာဏာစက်ပြင်းလွန်းလှသည်။

ဤတစ်ကြိမ်တွင် ဝမ်ရွှမ်သည် ကျန်းရီ၏ စကားတစ်ခွန်းကို နားနှင့်မဆံ့အောင် ကြားရခဲ့ပြီးဖြစ်၍ ခွန်းတုံ့ပြန်ခြင်း မပြုသလို၊ခေါင်းမာစွာ ရပ်ရင်း စူးစူရဲရဲ စိုက်ကြည့်နေခဲ့သည်။

ထို့အတူ ဝမ်ရွှမ့်ကို ပထမဆုံး မြင်ရချိန်တွင် နော
င်တရစိတ်က ဦးစွာ ဖြစ်ပေါ်လာသော်လည်း ဝမ်ရွှမ်နှင့် အချေအတင် စကားများလာချိန်တွင်မူ ဒေါ
သနှင့် နာကျည်းစိတ်က ကျန်းရီ၏ နှလုံးသားကို ထုံမွှန်းသွားခဲ့သည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now