အခန်း(၃၁)

1.7K 361 17
                                    

<ညီငယ်လေးနှင့်သေခြင်းတရားစာချုပ်ချု
ပ်ဆိုခြင်း>

ကျန်းရီသည်ထိုနတ်ဆိုးကို ထက်ပိုင်းခုတ်ဖြ
တ်ခဲ့ရာ ကြမ်းပြင်ပေါ်နှစ်ပိုင်းပြတ်ကျ၍ မလှု
ပ်မယှက်ငြိမ်သက်သွားခဲ့သည်။

မျှဝေစာနာခြင်းကပ်ပါးရဲ့သဲလွန်စတွေကိုဒီအတိုင်းလက်လွှတ်လိုက်ရပြီလား?

ထိုအချင်းအရာကြောင့်ဝမ်ရွှမ်နှမြောသလိုခံ
စားလိုက်ရသည်။

သူတွေးနေစဥ် ကျန်းရီသည်ထိုအရိပ်နတ်ဆိုး
ကို ဓားဦးချွန်ဖြင့် အညှာအတာမဲ့စွာထိုးလိုက်
၏။

"ဘာတွေဟန်ဆောင်နေတာလဲ?ထစမ်း"

ထိုအချိန်တွင် ကျန်းရီ၏မျက်နှာပေါ်မှရှက်
သွေးဖြာမှုများလည်း ပျောက်ကွယ်သွားပြီဖြ
စ်ရာ သူ၏နဂိုမူလအသွင်အပြင်ကပြန်ပေါ်
လာခဲ့သည်။

သူ့အသံကြားပြီးနောက် နှစ်ပိုင်းပြတ်နေသော
အရိပ်နတ်ဆိုးသည် ခဏတာတုန်ယင်ပြီးမှ
ဒဏ်ရာရထားသော အစိတ်အပိုင်းနှစ်ခုကို
အတူတကွ စတင်ပေါင်းစည်းတော့သည်။
ဖြည်းဖြည်းချင်း​ ခန္ဓာကိုယ်တစ်ခုအဖြစ်ပြန်
လည်ပေါင်းစည်းသွားလေသည်။

ခဏအကြာတွင် အရိပ်နတ်ဆိုးသည်နဂိုမူလ
အသွင်ပြန်ဖြစ်လာပြီး ၎င်း၏အရောင်သည်
သာ မူလထက်ပိုမှိန်ဖျော့သွားခဲ့သည်။

ထက်ပိုင်းဖြတ်ခံရခြင်းမှကြောက်လန့်မှုကြော
င့် တစ်ကိုယ်လုံးတုန်ယင်နေပြီး စကားတောင်
ဆက်မပြောရဲတော့ပေ။

"ငါတို့ဘာပဲမေးမေး မင်းအမှန်တိုင်းဖြေတာပို
ကောင်းလိမ့်မယ်"

ကျန်းရီကသူ့ဓားကိုမြှောက်၍ အရိပ်နတ်ဆိုးကို ဓားဦးချွန်ဖြင့်ရွယ်လိုက်၏။ထို့နောက် တင်းမာနေသောလေသံဖြင့်

"ရယ်စရာထပ်လုပ်ဖို့ယောင်လို့တောင် မစဥ်း
စားနဲ့"

ခုနကလိုရယ်စရာထပ်မလုပ်နဲ့။အမှန်အတိုင်း
ပဲဖြေမိတာမဟုတ်ဘူးလား?

အရိပ်နတ်ဆိုးသည်တစ်ခုခုမှားယွင်းနေသလို
ခံစားလိုက်ရ၏။မည်သို့ပင်ဖြစ်စေ ကျန်းရီထံ
မှ နှစ်ကြိမ်တိတိထက်ပိုင်းဖြတ်ခြင်းကို ခံခဲ့ရ
သောကြောင့် အတော်လေးထိတ်လန့်နေမိသ
ည်။ထို့ကြောင့်လုံးဝမတုံ့ပြန်ဝံ့ဘဲ မျက်နှာဖြင့်
ဖြင့်သာအမူအယာပြနိုင်တော့သည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now