အခန်း(၈၂) (ဇာတ်သိမ်း)

2.1K 186 4
                                    

                        <ဇာတ်သိမ်းပိုင်း>

ကျန်းရီ၏ မေးခွန်းက ချင်ရှစ်ယွီကို ပါးရိုက်လို
က်သကဲ့သို့ပင်။ ချင်ရှစ်ယွီ၏ ရင်ဘတ်ထဲတွင် အမျိုးအမည်မသိ မီးတောက်တစ်ခု တောက်လောင်လာပြီး ကျန်းရီကို စူးစူးဝါးဝါး စိုက်ကြည့်လေသည်။ သို့သော် ဝမ်ရွှမ်က ကျန်းရီ၏ အရှေ့တွင် ဝင်ရပ်လျက် ချင်ရှစ်ယွီ၏ မီးဟုန်းဟုန်း
တောက်နေသော အကြည့်များကို တည်ငြိမ်စွာ ရင်ဆိုင်သည်။

ဤကဲ့သို့ အတန်ငယ်ကြာ အခြေအနေတင်းမာခဲ့သော်လည်း ချင်ရှစ်ယွီသည် ဝမ်ရွှမ်တို့ကို တော
င်းဆိုနေရသူဖြစ်နေခြင်းကြောင့် ဦးစွာ အကြည့်လွှဲ၍ အရှုံးပေးသွားသည်။ သူသည် ရေခဲကုတင်ပေါ်တွင် ငြိမ်သက်စွာ လှဲလျောင်းနေသော ရွှယ်ပင်းအာကို တစ်ချက် လှည့်ကြည့်ပြီးနောက် ဝမ်
ရွှမ်တို့နှင့် အချင်းမပွားတော့ရန် ဆုံးဖြတ်လိုက်သည်။ နတ်မိစ္ဆာဦးချိုနှင့် ပတ်သတ်၍ ဝမ်ရွှမ် သ
ဘောတူပြီးသွားချိန်မှသာ ချင်ရှစ်ယွီသည် အစေ
ခံများဖြင့် အသင့်ပြင်ဆင်ထားသော ခန်းမကျယ်ထဲသို့ ဝမ်ရွှမ်တို့အားလုံးကို ပြန်ခေါ်ထုတ်သွားသည်။

သို့သော် ကျန်းရီ ပြောလိုက်သည့်စကားက ချင်
ရှစ်ယွီ၏ နားထဲတွင် တဝဲလည်လည်ဖြစ်နေဆဲပင်။ သို့နှင့် အစေခံမိန်းကလေး လက်ဖက်ရည်
ငှဲ့ထည့်ပေးနေချိန်တွင် ချင်ရှစ်ယွီက ယောင်ဝါး
ဝါး မေးသည်။

"ဒီတစ်ခေါက်ရော မင်း ဘာတွေသိထားပြန်ပြီလဲ"

ကျန်းရီကား အဖတ်လုပ်၍ပင် ပြန်မဖြေချေ။ ထိုအစား ချင်ရှစ်ယွီကို နားလည်ရခက်သော အပြုံးမျိုးဖြင့် မော်ကြွားစွာ ကြည့်သည်။

"ကျန်းရှစ်တိ"

ဝမ်ရွှမ်သည် ရာနှုန်းပြည့် မပြေလည်သေးသော အခြေအနေကို ရိပ်စားမိခြင်းကြောင့် ကျန်းရီကို အချိန်မရွေး အကာအကွယ်ပေးနိုင်ရန် ကျန်းရီ၏ ပုခုံးကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

ချင်ရှစ်ယွီသည် ကျန်းရီ၏ ပုခုံးကို ဆုပ်ကိုင်ထားသော ဝမ်ရွှမ့်လက်ကို မမှိတ်မသုန် စိုက်ကြည့်နေရင်း အစောပိုင်းတုန်းက ကျန်းရီ၏ မေးခွန်းဟာ သူ့ကို ပါးရိုက်လိုက်ခြင်းမဟုတ်ဘဲ သူ့နှလုံးသားကို အချွန်တစ်ခုဖြင့် ထိုးသွင်းလိုက်ခြင်းဖြစ်
ကြောင်း တဖြည်းဖြည်း နားလည်လာတော့သည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now