farewell

928 92 4
                                    

နောက်ဆုံးတော့ ကိုယ့်ရဲ့ မြန်မာဘာသာပြန်လေး
အတွက်လည်း ကျေးဇူးတင်စကား၊ နှုတ်ဆက်စ
ကားပြောဖို့ အကြောင်းဖန်လာခဲ့ပါပြီ။

ပထမဆုံးအနေနဲ့ ဒီဝတ္ထုကို စသိခဲ့တာ 2021မှာဖြစ်မယ်ထင်တယ်။ ဘာရယ်မဟုတ်NUမှာ လျှော
က်မွှေနေရင်းrandomရွေးမိသွားတယ်ပဲဆိုပါတော့။ နောက်ဆုံးတော့ ငါ့လိုပဲ တခြားသူတွေကိုပါ ဒီဝတ္ထုလေးကို ဖတ်စေချင်တယ် သဘောကျသူတစ်ယောက်လောက် ပိုပြီး တိုးလာရင်လည်း ဒါက ကောင်းတဲ့ကိစ္စတစ်ခုပဲလို့တွေးပြီး 2021 နှောင်းပိုင်းလောက်မှာ မတောက်တစ်ခေါက် စကေးလ်တွေနဲ့ ဘာသာစပြန်ဖြစ်သွားတော့တာပါပဲရှင်။

ဘာသာပြန်နေရင်းနဲ့မှ အတွေ့အကြုံတွေလည်း အများကြီး​ရခဲ့ပါတယ်။ အစကနေ အဆုံးအထိ လိုက်လာပေးတဲ့သူတွေဆိုရင် ကိုယ့်အရေးအ
သားက နောက်ပိုင်းမှာ ဟိုးအစတုန်းကနဲ့ အနည်းအကျဥ်းကွာသွားတယ်ဆိုတာကို သတိထားမိကြမယ်ထင်ပါတယ်။ အခုချိန်အထိအဆင်မပြေတဲ့အမှားအယွင်းတွေတော့အများကြီးရှိနေတုန်းပါပဲ။ သည်းခံပြီး နားလည်ပြီး ဖတ်ပေးကြတဲ့အတွ
က် အားလုံးကို စိတ်ရင်းနဲ့ ကျေးဇူးအများကြီးတ
င်ပါတယ်။

ကိုယ့်အမြင်အရတော့ ဇာတ်လမ်းက အရှိန်မှန်မှန်လေးနဲ့ ဆုံးခန်းတိုင်သွားတယ်လို့ မြင်ပါတယ်။
ဟာကွက်ဆိုတာကတော့လည်း ရှိရိုးထုံးစံပါပဲ။ တစ်ခုရှိတာက ဇာတ်သိမ်းပိုင်းက အရမ်းတိုလွန်းပြီး မြန်မြန်ကြီး ဇာတ်သိမ်းချသွားတာကို ဒီဝတ္ထုဖတ်တဲ့သူ အတော်များများ စိတ်တိုင်းမကျကျဘူး။

ဒါပေမဲ့ အဂ်လိပ်ဘာသာပြန်သူပြောတဲ့အတိုင်း ဒါဟာ 2016လောက်က danmeiဝတ္ထုဖြစ်တဲ့အလျှောက် ဒီလိုဇာတ်သိမ်းတာကို တစ်ဖက်လှည့်နဲ့ နားလည်ပေးလို့ ရနေပြန်ပါတယ်။ ဇာတ်သိမ်းဆိုတာ နောင်မှာဆက်မယ့် ဇာတ်လမ်းအတွက် အစ
ပျိုးမှုတစ်ခုလို့ ဆိုကြသလိုပါပဲ။ ဒါကြောင့် ဝမ်ရွှမ်နဲ့ ကျန်းရီတို့ဟာ မုရုံဖုန်းကို မွေးစားခွင့်ပြုခဲ့တဲ့ ကလေးလေးကို သွားပြန်တွေ့ကြတာဖြစ်နိုင်သ
လို၊ လူစည်ကားတဲ့ ညနေခင်းအချိန်မှာ စျေးတန်းလမ်းလေးထဲ ပခုံးချင်းယှဥ်လျှောက်ရင်း ဟိုဟိုသည်သည်လျှောက်ကြည့်နေကြတာလည်းဖြစ်နို
င်သလို၊ အတူနိုးထလာတဲ့ မနက်ခင်းတွေမှာ အ
ဝေးက တောတောင်သဘာဝအလှကို ကြည့်ရင်း နှင်းရည်တစ်ခွက် အတူသောက်နေကြတာလည်းဖြစ်နိုင်ပါတယ်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now