အခန်း(၈၁)

1K 141 0
                                    

<မူရင်းဝတ္ထုဇာတ်သိမ်းပိုင်းနှင့် ချင်ရှစ်ယွီ
တောင်းဆိုချက်>

ဖျောက်ဖျက်မရသော အလေ့အကျင့်ဟာ အလွန် ဆိုးရွားသည်ဟု လူတိုင်းက ပြောကြလေ့ရှိသည်။ ဥပမာဆိုရသော် နတ်မိစ္ဆာတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားချိန်တုန်းက ဝမ်ရွှမ်သည် မြေခွေးတစ်ကောင်ကဲ့သို့ အမွေးထူထူ ခန္ဓာကိုယ်ကြီးနှင့် လုံးဝ နေသားမကျခဲ့ပေ။ ဤသို့ဖြင့် နောက်ပိုင်းတွင် အသွင်ပြန်ပြောင်းနိုင်သွားသော်လည်း နား
ရွက်နှင့် အမြီးကိုမူ မဖျောက်နိုင်ခဲ့ပေ။အချိန်ဆ
ယ်နှစ်ကြာမြင့်လာပြီးသည့်နောက်တွင် ထိုအစိတ်
အပိုင်းများနှင့် နေသားကျ​နေပြီဖြစ်ရာ ဖျောက်ဖျ
က်လိုသည့်ဆန္ဒကို လက်လျော့လိုက်တော့သည်။

အထူးသဖြင့် အေးတိအေးစက် ဆောင်းညအလ
ယ်များတွင် အမြီးလေးကို မပွေ့ဖက်ဘဲနှင့် အိပ်မပျော်တော့ချေ။

ယနေ့ညတွင်လည်း ဝမ်ရွှမ်သည် အိပ်ပျော်နေရင်း အမြီးလေးကို ဟိုစမ်းသည်စမ်း စမ်းကြည့်ရင်းဖြင့် ပွေ့ဖက်လိုက်သော်လည်း သူနှင့် ရင်းနှီးပြီးသား နူးနူးညံ့ညံ့ အမွေးအမျှင်များမဟုတ်ကြောင်း ရုတ်တရက် သတိပြုမိပြီး လန့်နိုးလာခဲ့သည်။ သူမျက်လုံးဖွင့်ကြည့်လိုက်ရာ ရင်ခွင်ထဲသို့ ရောက်နေသော လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။ ဤသို့ဖြင့် ထပ်​ငုံ့ကြည့်လိုက်ရာ သူ့အမြီး
လေးနှင့် ထိုသူ၏ ခြေထောက်ကို ရစ်ပတ်ထားမိကြောင်းကိုပါ တွေ့လိုက်ရလေသည်။

၎င်းကြောင့် ဝမ်ရွှမ် အလွန် ရှက်ရွံ့သွားပြီး အမြီးကို ပြန်သိမ်းရန် ကြိုးစားခဲ့သည်။ သို့သော်လည်း ကျန်းရီက သူ့လက်ဖြင့် ကိုင်ထားပြီး ညင်သာစွာ ပွတ်သပ်ပေးလျက် လေသံတိုးတိုးဖြင့် မေးလာသည်။

"ရှစ်ရှုန်းဘယ်လိုဖြစ်ပြီးနိုးလာတာလဲ"

ဝမ်ရွှမ်သည် 'လူတစ်ယောက်ကိုဖက်ရတာအ
သားမကျသေးလို့'ဟု ပြောမထွက်ခြင်းကြောင့် အရှက်ပြေ ချောင်းဟန့်ရုံသာ တတ်နိုင်ခဲ့သည်။

"မင်း..မင်းကရော ဘယ်လိုဖြစ်ပြီး နိုးနေတာလဲ"

"အရမ်းပျော်လို့...အိပ်လို့တောင်မရဘူး"

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now