အခန်း(၆၂)

1K 176 4
                                    

<လော့ချင်းချွမ်၏ အလည်အပတ် ခရီးနှင့်
ကျန်းရီ၏ အစီအစဥ်>

နောက်တစ်နေ့ နံနက်ခင်းတွင် ဝမ်ရွှမ်သည် ကျောက်ဂူထဲ ထိုင်၍ နံနက်ခင်း ကျင့်စဥ်အ
ချို့ကို ပြုလုပ်ပြီးနောက် ယမန်နေ့ညက အ
ဖြစ်အပျက်များကို ပြန်စဥ်းစားမိရာဝယ် သ
က်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။

အရှုံးမပေးလိုစိတ်နှင့် မကျေနပ်စိတ်တို့က နှ
လုံးသားထဲတွင် စွဲကပ်နေသေးသော်လည်း တစ်နေ့တွင် အဆင်ပြေသွားလိမ့်မည်ဟု ဖြေသိမ့်လျက် ထိန်းချုပ်ထားခဲ့သည်။သူတို့နှစ်ဦး ဖြတ်သန်းချိန်ကြာလာသည်နှင့်အမျှ တစ်
နေ့တွင် ကျန်းရီကိုယ်တိုင် ဆန္ဒရှိစွာ ပြောပြလာမည်ကိုသာ လိုလားသည်။ဒါဟာ သူမျှော်လင့်ထားနိုင်သည့် တစ်ခုတည်းသော အရာဖြ
စ်သည်။

သို့နှယ် တွေးနေစဥ်တွင် အပြင်ဘက်မှ စာတ
စ်စောင် လွင့်ပျံလာခဲ့သည်။ဝမ်ရွှမ် ယူကြည့်လိုက်ရာ ကျန်းရီ ပို့လိုက်သော စာဖြစ်နေ၏။ယနေ့တွင် ချီကျိပိုင် ပေးထားသော တာဝန်ကို အပြီးသတ်ရမည့်အတွက် ဝမ်ရွှမ့်ကို အ
ဖော်မပြုပေးနိုင်တော့ကြောင်း ရေးသားထားခြင်းဖြစ်သည်။

ဤကလေးဟာ တစ်ရက်မျှ မလာဖြစ်သည်ကိုပင် တကူးတက စာရေးပို့တတ်သည်။အ
ခြားလူများ မြင်လျှင်၊ကျန်းရီက ဤနေရာတွ
င် တာဝန်ပေးအပ်ခံထားရသော အရေးကြီးကိစ္စကို နေ့စဥ်နှင့်အမျှ ဆောင်ရွက်နေရသည့်အတွက် အမြဲလိုလို ဝင်ထွက်သွားလာနေသ
ည်ဟု ထင်မှတ်သွားရလောက်သည်။

ကျင့်ကြံခြင်းနည်းလမ်းမှာရော ဒီလိုမျိုး ဇွဲရှိရှိ ကြိုးစားနေရဲ့လား?

ဝမ်ရွှမ်လည်း မတတ်နိုင်ရကား ခေါင်းခါလျ
က် ပြုံးမိလေသည်။

မည်သို့ပင်ဖြစ်စေ ကျန်းရီ မရှိခြင်းကြောင့် ဝမ်ရွှမ့်နေရာဟာ လူရိပ်လူခြေကိုပင် မမြင်ရသ
ည်အထိ လူသူကင်းမဲ့နေပြီး အားကိုးရာမဲ့သော ခံစားချက်မျိုး ပေးစွမ်းလျက်ရှိသည်။

သို့ပေမဲ့၊ ဤနေရာမှ တစ်ကိုယ်တည်း အထီး
ကျန်ဆန်လှသော အေးစက်မှုတို့ကို မြည်တ
မ်းရန် အခွင့်မရသေးခင်တွင် တစ်စုံတစ်ယော
က်က လူအများကိုပါ အတူတကွ စိတ်ညစ်
ညူးရအောင် အရှိန်အဝါကို တမင်တကာ ထု
တ်လွှတ်နေသည့်အလား ဓားပျံစီးလျက် ပျံ
သန်းလာနေသည်။ထိုလူ ထုတ်လွှတ်လာသော အရှိန်အဝါကို မီတာရှစ်ရာအဝေးမှ ပရိ
တ်သတ်အပေါင်းတို့ပင် ခံစားမိနိုင်သည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now