အခန်း(၄၈)

1.2K 215 12
                                    

            <သဘောပေါက်နားလည်မှု>

"ရှစ်ရှုန်း?"

ကျန်းရီ၏ အသံသည် စတင် တုန်ယင်လာ
ချေပြီ။

"ရှစ်ရှုန်း....ဘယ်မှာလဲ?"

အကြိမ်ပေါင်းများစွာတိုင် အဆက်မပြတ် အော်ခေါ်ခဲ့သော်လည်း ပြန်ဖြေသံ မဲ့နေဆဲ။ဗလာကျင်းပြီး အဆုံးမရှိသော လေနှင့် ဆီး
နှင်းများအကြား ပဲ့တင်သံသာ ရှိနေခဲ့သည်။ကျန်းရီသည် ထိုပဲ့တင်သံကြောင့် ရူးနှမ်းသွားတော့မလိုပါ ဖြစ်သွားရသည်။သူ့အသံဟာ တဖြည်းဖြည်း အက်ရှလာပြီး နောက်ဆုံး၌ တိ
တ်ဆိတ်သွားခဲ့သည်။အံတင်းတင်းကြိတ်၍ နှင်းတောထဲသို့ မဆင်မခြင် ဒရောသောပါး ပြေးဝင်သွားခဲ့သည်။

သို့သော် ကျင့်ကြံသူဆန်းက အသိပြန်ဝင်လာပြီး ကျန်းရီကို အလျင်စလို လှမ်းဆွဲ၏။

"စိတ်ငြိမ်ငြိမ်ထားအုံး!ငါတို့ပါ လူထပ်ကွဲသွားလို့မဖြစ်ဘူး!"

"ဖယ်စမ်းပါ!!"

ကျန်းရီသည် နီရဲလာသော မျက်ဝန်းများနှင့် ကျိန်ဆဲရင်း အပြင်းအထန် ရုန်းကန်နေခဲ့သ
ည်။ထို့အပြင် သူ့တံတောင်ကို လှမ်းဆွဲထားသော လက်ကိုပါ ကိုက်ချချင်စိတ် ဖြစ်လာရသည်။သို့သော် တစ်ဖက်လူသည် ယွမ်စုစည်းခြင်းအဆင့်၌ နှစ်ပေါင်းများစွာ ကြာအောင် ကျင်လည်လာပြီးသူဖြစ်သည့်အပြင် လက်ရှိတွင် သူ့ကို တားဆီးရန် ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားသည့်အတွက် ဂယောင်ခြောက်ခြားဖြစ်နေသော အချိန်၌ သူ အလွယ်တကူ ရုန်းမထွ
က်နိုင်ခဲ့ပေ။

ထိုအခိုက်တွင် ကျင့်ကြံသူဆန်းသည်လည်း ချွေးဖြိုင်ဖြိုင် ကျနေချေပြီ။သူ့ကို ဤနေရာသို့ မုရုံဖုန်းလွှတ်လိုက်ခြင်းဖြစ်ပြီး တစ်ခုတ
ည်းသော အမိန့်မှာ အရာအားလုံးထက် ဝမ်ရွှမ့် လုံခြုံမှုကို ကာကွယ်ပေးရန် ဖြစ်သည်။သို့
သော် ဝမ်ရွှမ်ကတော့ အစအနပင် ရှာမတွေ့တော့အောင် ရုတ်တရက် ပျောက်ရှသွားခဲ့သ
ည်။ဝမ်ရွှမ်သာ တစ်ခုခု ဖြစ်ခဲ့လျှင် နောက်ဆ
က်တွဲ အကျိုးဆက်ကို သူ ခေါင်းခံရတော့မ
ည်ဖြစ်သည်။

ဒါပေမယ့် အဓိကပြသနာကို ပြန်တွေးကြည့်ရင် ဝမ်ရွှမ်က ဘယ်လိုဖြစ်ပြီး ရုတ်တရက် ပျောက်သွားရတာလဲ?

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now