<မျှဝေစာနာခြင်းကပ်ပါးကို ဖြေရှင်းခြင်း>
ဝမ်ရွှမ့် အကြည့်များသည် ကျန်းရီ ဝင်လာစဥ်ကတည်းက ကျန်းရီ တစ်ဦးတည်းပေါ်တွင် ငြိ
မ်သက်နေခြင်းဖြစ်သည်။ဤသည်မှာ ထူးဆ
န်းသော ခံစားချက်ဖြစ်ပြီး အစောပိုင်းတုန်းက သူ့နှလုံးသားဟာ အခေါင်းပေါက် ဖြစ်နေခဲ့သ
ည်ဆိုလျှင် ယခုတွင်မူ တစ်ဖက် ယောကျာ်းကို ငေးကြည့်လိုက်ရုံဖြင့် ပြီးပြည့်စုံသွားသလို ခံစားရလေသည်။"ရှစ်ရှုန်း"
ကျန်းရီက ဝမ်ရွှမ် ထူးဆန်းနေသည်ကို သတိ
ပြုမိပြီး မေးခွန်းထုတ်လာ၏။"အဆင်ပြေရဲ့လား?"
ဝမ်ရွှမ် နှုတ်ခမ်းများကို ဖိကိုက်လိုက်သည်။သူ ဘယ်လို ပြန်ဖြေသင့်မှန်း မသိပါချေ။
သို့ပေမဲ့ သူ့နှုတ်ခမ်းဖျားမှ ဖြစ်ကြောင်းကုန်
စင် ထွက်အံလာချိန်တွင် ကျန်းရီဟာ အတော်လေးကို အခြေအမြစ် မရှိသော အတင်းအဖျ
င်းဟု ယူဆခဲ့သည်။အမှန်တွင် သူသည် အပြ
င်မှ ပြန်လာခြင်းဖြစ်ပြီး တံခွန်တိမ်တိုက်ဂိုဏ်းမှ တပည့်များက ဝမ်ရွှမ်နှင့် ပတ်သတ်၍ ဆွေးနွှေးပြောဆိုနေကြခြင်းကို တစ်နည်းတစ်
ဖုံ ကြားလာခဲ့ပြီးဖြစ်သည်။သို့သော်လည်း ထိုကိစ္စဟာ ဝမ်ရွှမ့်ကို အကြီးအကျယ် ထိုးနှက်သွားနိုင်လိမ့်မည်ဟု သူ မထင်ခဲ့မိချေ။"ရှစ်ရှုန်း အဲ့ဒီကိစ္စကို သိပ်ဂရုမစိုက်ပါနဲ့"
ကျန်းရီက ဝမ်ရွှမ့် ရှေ့တွင် မျက်နှာမူလျက် ဝင်ထိုင်သည်။
"အစ်ကို ဘယ်လို လူမျိုးလဲဆိုတာ အစ်ကိုရော ကျွန်တော်ရော သိတာပဲလေ။သူများတွေ လျှောက်ပြောနေတာကို ဘာလို့ ဂရုစိုက်နေမှာလဲ?"
ဝမ်ရွှမ် ပြုံးပြခဲ့သည်။
"ပြောတာမဆိုးဘူး"
ကျန်းရီသည် ဝမ်ရွှမ်ဟာ ကိုယ့်ကိုယ်ကို ဖိစ
အားပေး၍ ပြုံးပြနေရကြောင်း မြင်သည့်အ
တွက် ဝမ်ရွှမ့်ကို ဆက်နှစ်သိမ့်ရန် ကြံရွယ်လို
က်သော်လည်း ဝမ်ရွှမ်က ခေါင်းခါပြလာသ
ည်။"ငါက အဆိုးမြင်တတ်တဲ့ လူတော့ မဟုတ်ပါဘူး"
"ဒီအခြေအနေကိုတောင် ရောက်နှင့်နေမှဖြင့် အကောင်းဘက်ကိုပဲ ကြည့်ရတော့မှာပေါ့"

KAMU SEDANG MEMBACA
တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]
Pertualangan-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်နေတုန်းပဲမို့လေ - Author- Mo Xiao Xian I do not own any part of this novel. All credits go to ORIGINAL AUTHOR and ENGLISH TRANSLATOR 🙏 Pl...