အခန်း(၂၉)

1.8K 340 35
                                    

<ထုံးရှင့်ကူ >

(warning: ဒီအပိုင်းမှာသွေးထွက်သံယိုအခန်း
တချို့ပါပါတယ်)

ယခုလိုအခြေအနေမျိုးတွင် ဆိုးကျိုးမပေါ်
လာအောင် ဝမ်ရွှမ် ထိန်းထားနိုင်ခြင်းက ယွမ်
စုစည်းခြင်းအဆင့်မှ ပြန်ကျခဲ့ခြင်းကြောင့်ပ
င်။

သို့သော် ယွမ်စုစည်းခြင်းအဆင့်မှပြန်ကျ
ခဲ့သူဖြစ်ရာ ယွမ်စုစည်းခြင်းအဆင့်၏အလေ့
အထများစွာကို ကိုင်စွဲထားဆဲဖြစ်သည်။သူ
၏ရုပ်ပိုင်းဆိုင်ရာခွန်အားနှင့် ဝိဥာဥ်စွမ်းအင်
များကိုမထိန်းချုပ်နိုင်ဘဲ နောက်ဆုံးတွင်တင်း
မာမှုများဖြစ်ပေါ်လာလေသည်။

ဥပမာဆိုရသော် လော့ချင်းချွမ်ကိုတိုက်ခိုက်
စဥ်က အသုံးပြုခဲ့သောနည်းလမ်းဖြစ်သည့်
ရေခဲလွှာဓားသွား၏ပုံရိပ်စစ်နှင့်ပုံရိပ်ယောင်
တို့လဲလှယ်နေစဥ် တစ်ချိန်တည်းတွင် ဓားပျံ
ကရန်သူ့ထံပျံသန်းတိုက်ခိုက်ခြင်းကို ပုံတူပွား
၍အသုံးပြုချင်သော်လည်း ခဏမျှကြိုးစား
ကြည့်ယုံဖြင့် သူ့ခေါင်းကွဲလုမတတ်နာကျင်မှု
ကိုသာ အလူးအလဲခံစားရ၏။အခြေခံတည်
ထောင်ခြင့်အဆင့်ဖြင့်မအောင်မြင်နိုင်ချေ။
ရလဒ်အနေဖြင့် သူ့ကိုခဏတာပျာယာခတ်
သွားစေခဲ့သည်။

တိုက်ပွဲအတွင်းသို့ ရွှယ်ပင်းအာပူးပေါင်းလာ
ချိန်မှစ၍ ဤပြင်းထန်သောအားစိုက်မှုသည်
အထွတ်အထိပ်သို့ရောက်လာခဲ့သည်။သို့
သော် သူ့မျက်နှာထက်တွင် အားနည်းချက်ကို
အရိပ်အမြွက်တောင် မထုတ်ပြဘဲတည်ငြိမ်
စွာချုပ်ထိန်းနေဆဲပင်။ ဤအသွင်အပြင်က
ရန်သူအားလုံးကို လွယ်လင့်တကူကိုင်တွယ်
နိုင်သည်ဟု ရည်ညွှန်းသကဲ့သို့ ရန်သူများကို
မသေချာမရေရာဖြင့် အဆုံးမရှိတုန်လှုပ်သွား
စေသည်။

"အစ်ကိုကျောက်!"

ရွှယ်ပင်းအာကမနေနိုင်တော့ဘဲထအော်လိုက်
၏။

"အခုထိဘာလို့ဝင်မကူညီသေးတာလဲ!"

ယခုအချိန်တွင် အမိုးခုံးကိုထိန်းချုပ်နေသော
သန်ရှင်းဂိုဏ်းတပည့်မှလွဲ၍ တိုက်ပွဲအတွင်း
ပူးပေါင်းခြင်းမရှိသူက မိုးပြာတောင်ပံဂိုဏ်းမှ
အမျိုးသားဖြစ်၏။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now