အခန်း(၁၆)

2.1K 470 24
                                    

                  <အကြီးအကဲချီကျိပိုင်>

ကျောက်ရိုင်းစင်မြင့်ပေါ်မှမီးတောက်ကတစ်
ဖြည်းဖြည်းလောင်ကျွမ်းခဲ့ပြီးမီးခိုးငွေ့များပြန့်
ကျဲသွားသည့်အချိန်တွင်တော့စုတ်ပြတ်၍ဖရို
ဖရဲဖြစ်နေသောစင်အတွင်းဘက်ကပေါ်လာခဲ့သည်။

လော့ချင်းချွမ်ကဒိုင်းနှစ်ခုကိုအကာအကွယ်
အဖြစ်သုံးထားပြီးသူဝတ်ဆင်ထားသောနဂါးငွေ့တန်းငွေရောင်ဝတ်ရုံရှည်လည်းမူလ
ကပြိုးပြိုးပြက်ပြက်တောက်ပခဲ့သောအ
ရောင်အဝါနှင့်လုံးဝကွဲပြားနေခဲ့ပြီးတောက်ပြောင်ခြင်းအလျဥ်းမရှိတော့ပေ။

မကိုဋ်မှဆံချည်မျှင်များလည်းဖွာကြဲလျက်
မျက်နှာကိုပါဖုံးအုပ်နေခဲ့သည်။မည်သည့်လှုပ်ရှားမှုမျိုးမှမရှိပါဘဲမြေပြင်ပေါ်၌ဒူးတစ်ဖက်ထောက်လျက်သာရှိနေ၏။

"ဆရာတူညီလေးလော့"

"မင်း ဆက်ပြီးတိုက်ခိုက်ချင်နေသေးတာလား?"

လော့ချင်းချွမ်ကမြေပြင်ပေါ်မှထခုန်ပြီးကြမ်း
တမ်းစွာလှုပ်ရှားလိုက်သည်။သူ့လက်ထဲရှိ
ဒိုင်းကာအားဒေါသတကြီး'မ'လျက်ဝမ်ရွှမ့်
မျက်နှာသို့ဦးတည်ကာကြမ်းကြမ်းတမ်းတမ်း
လွှင့်ပစ်လိုက်လေသည်။

ဝမ်ရွှမ်ကဘေးဘက်သို့အလျင်အမြန်ရှောင်
တိမ်းလိုက်၏။

သို့​ပေသည့်ထိုဒိုင်းကာကလေထုအလယ်၌
ပင်စတင်ကွဲထွက်သွားပြီးအမှုန်အမွှားများအ
ဖြစ်လေထဲပြန့်ကျဲသွားခဲ့သည်။

"အဟက်!"

လော့ချင်းချွမ်ကအကျီလက်ကိုပြင်းပြင်းထန်
ထန်ခါချလျက်ဒေါသတကြီးအံ့ကြိတ်ရင်း
ကျောက်ရိုင်းစင်မြင့်အစွန်ပိုင်းကိုထော့နင်း
ထော့နင်းလျှောက်လိုက်လေသည်။ထိုစင်မြင့်
ထက်ရှိစည်းမှအပြင်ဘက်သို့ခြေချလိုက်ချိန်တွင်တော့အနိုင်ရသူကိုသတ်မှတ်နိုင်ခဲ့ပြီးဖြစ်
ပေသည်။

"ဆရာတူအစ်ကိုလော့ကအရှုံးကိုလက်ခံလိုက်ပြီလား?"

စင်အောက်မှတစ်စုံတစ်ယောက်ကရေရွတ်
လိုက်လေသည်။

လော့ချင်းချွမ်ကထိုစကားကိုကြားသွားပြီး
သူ့ခြေလှမ်းများလည်းအလိုအလျောက်ရပ်
တန့်သွားခဲ့ရသည်။အံကိုကြိတ်ကာသူ့လက်
တစ်ဖက်၌ခေါက်ယပ်တောင်ကိုကိုင်ထားရင်း
ဝမ်ရွှမ့်ကိုလှည့်ကြည့်လိုက်၏။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now