အခန်း(၂၆)

2.2K 422 29
                                    

            <အခြားရွေးချယ်လိုစိတ်မရှိ>

"အကြီးအကဲချီ ? ချီကျိပိုင်? "

ကျီကျစ်အန်း ခေတ္တမျှ အံ့အားသင့်သွားရသ
ည်။ထို့နောက် သူ့မျက်ခုံးများလည်းတွန့်ချိုးသွားခဲ့သည်။

ဘာကြောင့်သူဖြစ်နေတာလဲ?

ယခင်ကသာဆိုလျှင်ကျန်းရီတစ်ယောက်မည်
သူ့ကိုဆရာအဖြစ်တင်မြှောက်ပါစေ အရေး
ကြီးသောကိစ္စမဟုတ်ပေ။ချီကျိပိုင်ကလည်း
တပည့်လက်ခံခြင်းနှင့်ပတ်သတ်၍ဇီဇာကြော
င်တတ်သူမဟုတ်ရာဤဆန္ဒကအလွယ်တကူ
ပြည့်မြောက်သွားနိုင်သည်။

ယခုအချိန်တွင် ကျန်းရီ၏အရည်အချင်းနှင့်
စွမ်းရည်များကပေါ်ထွက်လာခဲ့ပြီး၎င်းသည်
ရတနာများတူးဖော်ထားသောတောင်တန်းနှင့်
ဆင်တူလှပေသည်။အကြီးအကဲဘယ်လော
က်များများကသူ့ကိုစောင့်ကြည့်နေမှန်းမည်
သူကသိနိုင်မည်နည်း။

ကျန်းရီမရောက်ခင်ကပင် ကျီဇီအန်းသည်
ကျန်းရီ၏အရည်အချင်းကိုနှစ်သက်သောအ
ကြီးအကဲများထံမှစိတ်မရှည်စွာ ကတိုက်က
ရိုက်ဆန်လှသောညွှန်ကြားချက်များစွာကိုလက်ခံရရှိထားပြီးဖြစ်သည်။အကျိုးအမြတ်
အများဆုံးရစေရန်မည်သည့်အကြီးအကဲထံ
ကျန်းရီကိုပေးသင့်ကြောင်းစဥ်းစားနေခြင်း
သာဖြစ်သည်။

(note/ဒီနေရမှာအကျိုးအမြတ်ရမှာကျီဇီအန်းပါ ကျန်းရီကိုအကြီးအကဲဆီကတစ်ခုခု
နဲ့tradeမယ်ဆိုတဲ့သဘောပါ)

အခုလည်းကြည့်ပါဦး။ကျန်းရီကသူ့အတွက်
ဆရာတစ်ဦးရွေးချယ်ရန်ဆုလာဘ်တစ်ခုကို
အမှန်တကယ်အသုံးပြုခဲ့သော်လည်း၎င်းသ
ည်ချီကျိပိုင်သာဖြစ်ခဲ့ရသည်။

ချီကျိပိုင်သည် သန်ရှင်းဂိုဏ်းမှသစ္စာဖောက်ခံရပြီးတံခွန်တိမ်တိုက်ဂိုဏ်းသို့ရောက်လာချိန်မှစ၍အကျင့်စာရိတ္တကောင်းမွန်စွာပြုမူဆက်
ဆံတတ်ဆုံး*ဖြစ်သော်လည်းကိုယ့်ကိုယ်ကို
ရှေးရိုးစွဲအဆန်ဆုံးသူ**လည်းဖြစ်၏။မည်သူ့
အတွက်မှဘက်မလိုက်ရန်ဆုံး​​ဖြတ်ထားပြီး
ဂိုဏ်းချုပ်ကျီဇီအန်းအပေါ်လည်းသစ္စာစောင့်သိခြင်း(သို့)သစ္စာတရားမြှပ်နှံထားခြင်းလုံးဝမရှိချေ။ကျန်းရီကိုသာထိုပုဂ္ဂိုလ်မျိုးထံပေး
အပ်လိုက်လျှင်ကျီဇီအန်းကတော့မည်သည့်
အကျိုးအမြတ်မှရတော့မည်မဟုတ်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now